Saturday 30 November 2013

ဆိုင်းသံကြားကချင်သူ

"ဆိုင်းသံ ကြားရင်ကချင်သူ"

ကျွန်တော် နာမည်က ဘအန်း ကျွန်တော်က မကွေးတိုင်း ရေနံချောက် စလင်းအလည်မှာရှိတဲ့ တောင်ဆိပ်ရွာမှာနေတယ်ခင်ဗျာကျွန်တောင်အသက် အခု ၄၆နှစ်ရှိပါပီ ကျွန်တော် အလုပ်ကတောင် ကျွန်တော် ဆိုင်းအဖွဲ့ခေါင်းဆောင်ပေါ့ဗျာ ကျွန်တော်က ဒီရွာမှမွေး ဒီရွာမှာကြီး ဒီရွာကကျွေးတဲ့ ထမင်းကိုစားပီ ဒီရွာမှာ ကျွန်တော်ဆိုင်းလေးတဲ့ အလှူ အသုဘတွေမှာ အခကြေးငွေသထာသလောက်ယူပီ ဖျော်ဖြေပေးတယ်ဗျ ကျွန်တော်တို့ အညာမှတော့ဗျာ အသုဘချရင် ဆိုင်းနဲ့ချတယ်ဗျ ခင်ဗျားတို့မြို့ပြကြီးလို အသံချဲ့စက်ဖွင့်ပြီး အသုဘလုပ်တာမဟုတ်ဘူးဗျ အဲပီးတော့ ညဖက်ဆိုလဲ ဖဲဝိုင်းတွေဘာတွေ ခင်ဗျားတို့မြို့ကြီးလိုမရှိဘူးဗျ ကျွန်တော်တို့ အညာမှာအသုဘဖြစ်ပီးဆို ဆိုင်းကို တော်တော်ညနက်ပိုင်းလောက်ထိတီးရတယ်ဗျ အသုဘရှင်တွေငိုလိုကောင်းအောင်လဲ လွမ်းချင်းလေးတွေတီးပေးရတယ်ဗျ အော် ရှင်းပြတာနဲ့ ပြောမယ့်ဟာတွေ လမ်းချော်ကုန်ပီ အဲ တစ်ခုတော့ပြောချင်သေးတယ်ဗျ ကျွန်တော်တို့ အညာဒေသမှာ စုန်း ကဝေသည်တွေကလဲ လွှတ်ကိုပေါတာဗျို့ တစ်ရက် ကျွန်တော်အိမ်ရှေ့ကွတ်ပျစ် အခါးရေ (ရေနွေးကြမ်း)ထိုင် သောက်နေတုန်း "ကိုဘအုန်းရေ ဗျို့ ကို ဘအုန်း " အော် လှကြိုင်လာလေ ဘာကိစ္စများရှိလိုတုန်းဟ လာ အခါးရေလေးသောက်ရအောင်" ကိစ္စရှိလို့ လာတာဗျို့ ရွာတောင်ပိုင်း ထွေးခင် ဆုံးလို့ဗျ အဲတာ သူမိဘတွေကသူတို့အိမ်မှာဆိုင်းတီးပေးဖို့ လာပြောခိုင်းလို့ လာပြောပေးတာဗျို့" စကားလဲဆုံးရော သူအရှေ့မှာချထားတဲ့ အခါးရေခွက်ကို ကိုင်သောက်လိုက်ပါတယ် "နေပါအုန်း လှကြိုင်ရ ရွာတောင်ပိုင်းက ထွေးခင်ဆိုတာ ဟို ကိုဘပု မဒေါင်းတို့သမီးလေး မှတ်လား" ဟုတ်တယ်လေ ဗျာ ရွာရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်းကိုင်လေးလေဗျာ"အဲ ကောင်မလေးကို ကျူပ်ဟိုနေကဘဲ တွေ့ပါတယ်ဗျာ ကျန်းကျန်းမာမာပါဘဲ ဘယ်လိုဖြစ်တာတုန်းဗျ ရုတ်တရက်ကြီး" ကောင်မလေးမိဘ တွေပြောတာတောင် ညနေစောင်း ရွာထဲပြန်လာပီရေချိုးတာ ညကျတော့ အပြင်းဖျားတာတဲ့ဗျာ ခုအသက်တောင် ပါသွားတဲ့ထိပါဘဲ" ကျွတ် ကျွတ် စိတ်မကောင်းလိုက်တာဗျာ ကောင်မလေးက အင်မတန်လိမ်မာတဲ့ မိန်းကလေးဗျာ အေးဗျာ စိတ်မကောင်းဘူး ကျုပ် အဖွဲ့တွေကို စုပီ တာနဲ့ဆိုင်းတီးဖို့ သွားလိုက်ပါ့မယ် " ဟုတ်ကဲ့ ကိုဘအုန်း ကျုပ်လဲ သူတို့မှာလိုက်တာတွေ သွားလုပ်ပေးရအုန်းမယ် သွားပီ ကိုဘအုန်းရေ..."အေးအေး လှကြိုင်" ကျူပ်လဲ ကျုပ်အဖွဲ့သမားတွေခေါ်ပီ ရွာတောင်ပိုင်းကို ထွက်ခဲ့တာပေါ့ဗျာ အသုဘအိမ်ရောက်တော့ ဆိုင်းပစ္စည်းတွေ နေရာကျ လုပ်စရာတွေလုပ်ပီးတော့ ဆိုင်းစတီးတော့တာပေါ့ဗျာ ငိုသူကလဲ ငိုတီးသူကလဲတီးပေါ့ သတင်းကြားလို့ လာမေးသူနဲ့ လာကူလုပ်ကိုင်ပေးသူနဲ့ လူကအများသား သိတယ်မှတ်လား ရွာက ကွမ်းတောင်းကိုင် ပန်းတောင်းကိုင် လေးဆိုတော့ ချစ်သူခင်သူကအပေါသားဗျ မနက်ဖြန် အလောင်းမြေချမှာဆိုတော့ ဒီနေ့ ညထဲက အလောင်းပြင်ပေးသူကပြင် လုပ်စရာရှိသူကလုပ်နဲ့ပေါ့ဗျာ ကျွန်တော်တို့ဆိုင်းက အလောင်းစင်ခြေရင်းမှာဗျာ ဆိုင်းတီးရင်တောင် ကောင်မလေးမျက်နှာကြည့်လိုက်သေးတယ် အော် အိပ်ပျော်နေတဲ့အတိုင်းဘဲဗျာ တီးရင်းမှုတ်ရင်း ညပိုင်းကိုရောက်လာတာပေါ့ဗျာသတင်းလာမေးသူတွေလဲ ပြန် ကျွန်တော်တို့ဆိုင်းအဖွဲ့နဲ့ အသုဘရှင်တွေရယ် သူဆွေမျိုးနီးစပ်တော်သူလောက်ဘဲကျန်တော့ပေါ့ဗျာညနက်ပိုင်းရောက်လာတော့ အသုဘရှင်တွေကလဲ အခန်းထဲဝင်ပီးအိပ်ကျတောပေါ့ဗျာ အပြင်မှာကျွန်တော်တို့ဆိုင်းအဖွဲ့တွေပဲကျန်ခဲ့တာပေါ့ဗျာ ကျွန်တော်တို့လဲ ညနက်နေပီးဆိုတော့ တီးတာလေးတွေရပ်ပီ အိပ်ဖို့လုပ်ကြတာပေါ့ဗျာညမအိပ်လို့လဲ မဘူးလေ မနက်ဖြန်လဲ အလောင်းမြေမချ မချင်းတီးရအုန်းမှာကိုး ကျွန်တော်အဖွဲ့တွေ အိပ်ဖို့ဘနေရာ အသီးသီးယူလိုက်ကြတာပေါ့ ကျွန်တော်တို့ကတော့ ဆိုင်းနားမှာဘဲ ဖြစ်သလို အိပ်ရတာပေါ့ဗျာ တညနေလုံးတီးထားရတာဆိုတော့ လူကလဲ မောမောနဲ့ အိပ်ပျော်သွားတယ်ဗျာ ဘယ်လောက်အိပ်ပျော်သွားလဲ ဆိုတော့ "ဦးလေးဘအုန်း ဦးလေးဘအုန်း ထပါအုန်း " ဟင် နင် နင်ထွေးခင် ဘာလုပ်ဖို့ ငါနိုးတာတုန်းဟ " ဦးလေးတို့ ဆိုင်းတီးပေးစမ်းပါ သမီး ကချင်လို့ "ကျွန်တော်လဲ ကြောက်နဲ့ အေး ဒါဆို ဦးလေးအဖွဲ့သားတွေနိုးလိုက်အူန်းမယ် "ကျွန်တော်လဲ ပြောပီး ကျွန်တော်အဖွဲ့သားတွေအကုန်လိုက်နိုးတာပေါ့ သူဒါကလဲနိုးလာပီး သူတို့ ရှေ့သေပီလို့ပြောတဲ့ ထွေးခင်ကို အရှင်လတ်လတ် မတ်တပ်ထရပ်နေတာမြင်တော့ကြောက်ဒူးတွေတုန်နေကြတာပေါ့ဗျာ ကျွန်တော်က" ထွေးခင်က ငါတို့ကိုဆိုင်းတီးခိုင်းနေတယ်ကွ တီးပေးရအုန်း" ဖြစ် ဖြစ်ပါမလား စရာရယ် သူ သူက "ဖြစ်ပါတယ် တီးပေးရအောင်ဆိုပြီ စတီးတာပေါ့ဗျာ ထွေးခင်ကလဲ တီးတဲ့ တိုင်းကို အချက်ညီညီ ကွေးနေအောင် ကတော့တာဘဲ ဘယ်လောက်တောင် ကြာကြာတီးပေးရလဲဆိုတော့ ကျွန်တော်တို့ လက်တွေ နာကျင်လာတဲ့အထိပါပဲ သူကတော့ အကမပျက်ဘူး ကွေးနေအောင် ကနေဆဲပါပဲ နောက်ဆုံးကျွန်တော်တို့ မတီးနိုင်တဲ့ အဆုံး ကျွန်တော်တို့ အဖွဲ့တွေ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ ပြပီး ဆင်းပြေးတော့တာပါဘဲ ထွေးခင်ကလဲ အနောက်ကပြေးလိုက်လာတယ်ဗျ ကျွန်တော်တို့လဲ ပြေးမိပြေးရာပြေးကြတာ လယ်ထဲ ရောက်ထိပါပဲ အဲထိလဲ ထွေးခင်ကလိုက်နေတုန်းကဘဲ "ဦးလေးတို့ ဆိုင်းတီးပေးပါအုန်း သမီးကချင်သေးလို့ပါ"ပြောပီလိုက်လာသေးတာဘဲ လယ်ကွက်ထဲမှာ ပြေးရတော့ သိတယ်မှတ်လား ဒူးထိကို ရွှံ့တွေကနစ်နေတာ နောက်ဆုံးပြေးရင် ထွေးခင် မလိုက်နိုင်လို့ဘဲလား သူလိုက်လို့မရတော့လို့ဘဲလားမသိဘူး ဆက်လိုက်မလဲဘဲ လှည့်ပြန်သွားတယ် ကျွန်တော်တို့လဲတော်တော် မောနေပီလေ အမောဖြေနေတုန်း ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကိုကြားလိုက်ရတယ် အမောဖြေပြီတာနဲ့ ကျွန်တော်တို့လဲ အသုဘအိမ်ပြန်သွားကြတာပေါ့ဗျာ လူက စိတ်လဲတိုနေပီဗျဟိုရောက်တော့ အိမ်ရှင်တွေကနိုးနေပီ ဆရာတို့ ဘယ်သွားကြတာတုန်း မတွေ့လို့ လိုက်ရှာနေတာလို့ မဒေါင်းက ပြောပါလေရော ကျွန်တော်ကလဲစိတ်ကလဲ တို မောကလဲမောနဲ့ဆိုတော့ "ခင်ဗျားတို့ဗျာ ဒီလောက်ဆိုင်းတွေတီးနေတာတောင်မနိုးကြဘူး ပီးတော့ ခင်ဗျားတို့ သမီးမသေပဲနဲ့ သေတယ်ပြောပီး ကျွန်တော်တို့ကို ပညာစမ်းတာလား " ကျွန်တော်အပြောကြောင့် မဒေါင်းက "ဆရာဘအုန်း ဘာတွေပြောနေတာလဲ ကျွန်မဘာမှနားမလည်ဘူး"လို့ပြန်ပြောတယ် ကျွန်တော်ကလဲ ထပ်လိမ်ချင်သေးတယ်ဆိုပီးတော့ ဖြစ်သမျှအကုန်ပြောပြလိုက်တယ် ကျွန်တော် ပြောပီးတော့ မဒေါင်းခင်ဗျာ "အို မဖြစ်နိုင်တာရှင် ကျွန်မသမီးလေးက တကယ်သေသွားတာပါ ရှင်တို့တွေ ပေါက်ကရမပြောကြပါနဲ့ ဟိုမှာ ကျွန်မသမီးလေးက ကျွန်မတို့ ထားသလိုပါဘဲ ဘာမှာ ခြေရာလက်ရာမပျက်ပါဘူး "ဟု ပြန်ပြောလေသည် ကျွန်တော်လဲ အဲလောက်ဖြစ်လှတာ "ခင်ဗျား သမီး ထမီအောက်က ခြေထောက်ကို ကြည့်လိုက် ညကကျွန်တော်တို့နောက်ကို လိုက်ထားတာ ရွှံ့တွေ ပေနေလိမ့်မယ်လို့" ပြောလဲ ပီးရော သူအမေ မဒေါင်းက သွားကြည့်တော့ "အံမယ်လေး ဟုတ်ပါ့တော် ကျွန်မသမီး ခြေထောက်မှာ ရွှံ့တွေနဲ့ပါလားလို့ " ပြန်ပြောရှာတယ် ပီးတော့မှာ မဒေါင်းက ညက ကျွန်တော်တို့ ဆိုင်းတီးတာကိုသူတို့တကယ်မကြားကြောင်း သူသမီးလေးဟာလဲ တကယ်သေသွားပီဖြစ်ကြောင်းရှင်းပြပါတယ် ကျွန်တော်လဲ တစ်ဖြေးဖြေး သဘောပေါက်စပြုလာတယ် ငါတို့တော့ ခြောက်ခံလိုက်ရပီဆိုတာကိုပေါ့ရွာထဲကလဲ အဲညက ကျွန်တော်တို့ ဆိုင်းသံကိုဘယ်သူမှာမကြားကြဘူးတဲ့ ကျွန်တော်တို့ကတော့ ချွေးထွက်အောင် တီးခဲ့ရတာလေ ဘယ်တော့မှာ မမေ့ဘူး ထွေးခင် အသုဘပီးတာနဲ့ ကျွန်တော်လဲ ဆိုင်းတွေကို ရတဲ့ဈေးနဲ့ရောင်းပီးတော့ ဆိုင်းတီးတဲ့ အလုပ်ကို စွန့်လွှတ်လိုက်တာ ဒီနေ့ ဒီချိန်ထိပဲဗျာ .....။

အရေးအသားမကောင်းခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ် စာလုံးအမှားများ ပါခဲ့ရင်လဲနားလည်းသည်းခံ ဖတ်ပေးကြပါလို့တောင်းပန်ပါ့ရစေချင် ကျွန်မရဲ့ ပို့စ်လေး အချိန်ကုန်ခံ ဖတ်ရူပေးကြသောမန်ဘာများအားလုံးကိုအထူးပင် ကျေးဇူးတင်ရှိပါတယ်လို့ပြောရင်း ကျွန်မရဲ အရေးအသားကို ဝေဖန်ပေးမယ့် ဝေဖန်မူလေးကို စောင့်မျှော်နေပါတယ်လို့ ........

1 comment:

  1. Casino, Spa & Casino Near Foxwoods Resort Casino
    Casino, Spa 문경 출장마사지 & Casino 계룡 출장샵 is a 울산광역 출장마사지 hotel and casino 서산 출장샵 located 성남 출장마사지 in Foxwoods Resort Casino, (1) 707-739; 972-317-6000.

    ReplyDelete