Saturday 30 November 2013

သရဲကိုယ်တွေ့

••••••နေရာပြောတဲ့ ………သရ•••••ဲ

ကျတော် ခု ရေးမဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ။
ကျတော် ရဲ့အိမ်နီးချင်းက ပြောပြတာပါ။သူလူပျိုပေါက်အရွယ်ကကြုံတွေ့ခဲ့တယ်လို့ပြောပါတယ်
သူက ကျတော်ခုနေနေတဲ့ မလေးရှားနိုင်ငံသား အန္ဒိယ လူမျိုးပါ။သူတို့ ကြုံတွေ့ ခဲ့ရတာ က တော့ တကယ့်ကို ခြောက်ခြားစရာပါ။
ကျတော်ငယ်ငယ် ကောလိပ်တက်နေတုန်းကပေါ့ ကျတော်တို့သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ သူငယ်ချင်းအဖွားဆုံးလို့သွားရောက်ကူညီပေးကြတယ်။သူတို့အိမ်က ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်။
ကျတော်တို့လူငယ်တွေအဲ့ဒီညက နဲနဲသောက်ထားကြ တော့ လူကနဲနဲထွေနေပါတယ်။ကျတော်တို့တွေစကားပြောနေတုန်းကျတော်တို့ထဲကတ ယောက်ကကျောင်းထဲ ကို လူတ ယောက်ကျော်ဝင်သွားတာမြင်လိုက်တယ်တဲ့။ နောက်တယောက်က သရဲပါကွာလို့စစ နောက်နောက် ပြောလိုက်တာကနေ စပြီး သရဲအကြောင်း ပြောဖြစ်သွားကြပါတယ်။
တကယ်တော့ အဲ့ဒီကျောင်းက သရဲရှိတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ကျတော်တို့က စမ်းတဲ့အနေနဲ့ ကျောင်းထဲကသရဲ ကိုခေါ်ကြတာပါ။
ကျတော်တို့သရဲခေါ်ပုံလေးပြောပြမယ်။ည မွှေးပန်းတပွင့်ကို ဖန်ခွက်ထဲထဲ့ အရက်တခွက်နဲ့ ကြက်ကျော် တတုံးပါပဲ။ကျတော်တို့ သူငယ်ချင်းတွေ ကျောင်းထဲကိုကျော်ဝင်ကြပါတယ်။အချိန်အားဖြင့်တော့ ည ၁ နာရီဝန်းကျင်ပါ။
ျတေိာတို့တွေကျောင်းထဲရောက်တော့ အပင်ကြီးတပင်ရှေ့မှာစပြီးခေါ်ကြပါတယ်။ခေါ်ပုံကတော့ ခုနက ကျောင်းထဲကျော်ဝင်သွားတဲ့သရဲထွက်လာပါလို့။ရိုးရိုးလေးပါ။ဒါပေမဲ့ထွက်မလာပါဘူး။ကျတော်တို့လဲ တပင်ပြီးတပင် လျှောက်ပြီးခေါ်တယ်ဗျ။ထွက်မလာဘူး။နောက်တော့ကျတော်တို့ပြန်မယ်လုပ်တော့ ကျတော်တို့နောပ်ကနေပြီးတော့ မပြန်ကြနဲ့ဦး။မင်းတိုနောက်ကရေစည်အောက်မှာခေါ်ကြ ဆိုပြီးခြောက်ကပ်ကပ် အသံကြီးထွက်လာတယ်။ကျတော်ကတော့ တော်တော် လန့်နေပြီ။ဖြစ်နိုင်ရင်ကျတော်ပြန်ပြေးချင်နေပြီ။အဲ့ဒီအသံက သရဲ ကကျတော်တို့ကိုပြောမှန်းကျတော်အပါအဝင် ကျန်သူအားလုံးလဲသိတယ်။ကျတော့သုငယ်ချင်းတွေက ရောက်ပြီးမှတော့သူပြောသလိုသွားခေါ်ကြတာပေါ့တဲ့။ကျတော်တို့ရေစည်အောက်မှာ ခေါ်တော့ ပထမ ခြေံသံကြားတယ်။နောက်တော့ ပုတ်နံ့ရတယ်။နောက်တော့ရေသံကြားရတယ်။
ရေသံကြားရပြီးတော့ကျတော်တ်ု့ကိုယ်ပေါ်ကို ရေစက်တွေကျလာတယ်။မိုးရွာတယ်ထင်ပြီးအ ပေါ်ကိုမော့ကြည့်လိုက်တော့ ကျတော်တို့ဆီကို ဇောက်ထိုးကြီးဆင်းလာတဲ့ ဆံပင် ရှည် ရှည် မဲမဲ အ ကောင် တ ကောင်ကိုတွေ့ လိုက်ရတယ်။ ကျတော်တို့တွေလဲ အထူးသဖြင့် ကျတော် ဘယ်လိုလုပ် ကျောင်းအုတ်တံတိုင်းကို ကျော်ပြီးအပြင်ရောက်လာမှန်းတောင် မသိတော့ပါဘူး။
အွှဲဒီနောက်ကစပြီးကျတော်တိုတွေ သရဲခေါ်မဲ့အကြောင်းကို ဘယ်တော့မှမပြောဖြစ်ကြတော့ပါဘူး။
ကျတော့ကိုစိတ် ရှည်စွာဖြင့်ပြောပြ ပေးသော Uncle Melvin ကို အထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment