Saturday 30 November 2013

မပျောက်သေးဘူး

သရဲကိုတကယ်မြင်ချင်သလား?

  • ခွေးမျက်ချည်းသုတ်ပြီးကြည့်ရင်သရဲတွေ့သတဲ့..
    *************************************************
    ကိုယ်တွေ့ပါကွယ်.. ၇နှစ်သမီးတုန်းကပေါ့.. အဲ့တုန်းကတာမွေမေတ္တာညွှန့်ထဲမှာနေတာပေါ့အဘိုးရဲ့မွေးနေ့ဆို အိမ်မှာလူဆုံတတ်ပါတယ်.. အဘွားကသားသမီး ၁၁ ယောက်(အခုတော့ ၇ ယောက်ပဲရှိပါတော့တယ်) မွေးထားတာဆိုတော့ မြေးဖြစ်တဲ့မေဗေစ့်တို့လဲမောင်နှမအုပ်စုတောင့်ပါတယ်.. အားလုံးပေါင်း မြေးကြီးကနေ မြေးအငယ်အထိ ၂၀ ကျော်မယ်ထင်ပါတယ်(၂၀၀၀)ခုနှစ်လောက်ကပေါ့ ပေါက်ကရလုပ်ကြဖို့ကြံကြတယ်.. မေဗေစ့်တို့မောင်နှမတွေကခွေးချစ်တတ်ပါတယ်.. ခွေးလေးလေးကောင်မွေးထားပါတယ်.. အစ်ကိုတစ်ယောက်ကထပြီးခွေးမျက်ချီးကွင်းကြည့်ရင်သရဲတွေ့ရတတ်တယ်လို့အစဖော်ပါတယ်.. ကျန်တဲ့လူတွေကလဲဗေဂျိဆိုထကမယ့်လူတွေဆိုတော့ခွေးလေးတွေကိုခေါ်မျကချီးဆေးဖော်ကြတော့တာပေါ့.. ခိခိ.. လာတော့မယ်နော်ခွေးပြေးဝက်ပြေး..ပြေးခန်းလေးတွေ.. အဲ့လိုနဲ့ပြီးတော့မှ..လက်ဘက်ရည်ဆိုင်ထိုင်ကြမယ်ဆိုပြီးလူကြီးတွေကိုလိမ်ပြောပြီး. ထွက်ကြပါတယ်.. ၁၁း၀၀ လောက်ကြီးဆိုတော့လဲလူကရထားလမ်းပေါ်လူပြတ်နေပါပြီ.. ရထားလဲမလာတော့လို့ ၇ုံစောင့်ကြီးလဲအိပ်နေပြီပေါ့.. မီးလေးမှိန်မှိန်၇ထားလမ်းပေါ်တက် တောင်လျှောက်မြောက်လျှောက်လုပ်ကြတာပေါ့ အဲ့လိုနဲ့ရှေ့ကနေတစ်ယောက်တစ်နေရာဆီသွားနေတဲ့အစ်ကိုတွေဘာမပြောညာမပြောနဲ့ပြေးကြရော.. မေဗေစ့်ကိုလဲမမကလက်ဆွဲထားတော့ပြေးလို့မရဘူးပေါ့.. မမကမပြေးပဲတောင့်တောင့်ကြီးရပ်နေတော့ကလေးပီပီဆွဲပြေးရတာပေါ့.. အဲ့တော့မှအားခနဲ့အော်ပြီးလိုက်ပြေးတော့တာပဲ.. အိမ်လဲရောက်ရောအမေတွေကရိုက်ကြနှက်ကြနဲ့အုတ်အော်သောင်းနင်းပဲ..အစ်ကိုနှစ်ယောက်ကိုတော့ပရိတ်ရေတိုက်ရတယ်.. ပြီးမှစကားပြောနိုင်တယ် သူတို့ပြောပြတာတော့..လက်ပြတ်တွေခြေပြတ်တွေအရင်တွေ့တယ်တဲ့ပြီးမှ မျက်နှာချင်းဆိုင်မှာ၇ုတ်တရက်ပေါ်လာပြီခေါင်းမပါတဲ့ကိုယ်ခန္ဓာကြီးက ခေါင်းပြန်ပေးလို့တောင်းတော့ကြောက်အားလန့်အားနဲ့ပြေးတာတဲ့.. မမကကြတော့မေဗေစ့်ကိုညာဘက်ကတွဲထားတာ..(မေဗေစ့်ကဆောင့်ဆွဲတဲ့အချိန်)ဘယ်ဘက်လက်ကိုနောက်ထက်လက်တစ်ဖက်ကလာတွဲထားလို့အော်လိုက်တာတဲ့..မေဗေစ့်ကတော့ကလေးပဲ၇ှိသေးလို့လား.. မျက်ချီးပဲနည်းသွားလားတော့မသိဘူး..ဘာမှကိုမတွေ့ခဲ့ရတာ..!
    ***************************************                 ကျတော့်ရဲ့ပုံလေးကိုလည်းအားပေးကြပါအုံးနော်

ခေါင်ရမ်းပန်းနဲ့ကလေးသရဲ

ခေါင်ရမ်းပန်းနဲ့ ကလေးသရဲ
***********************************

ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်အစားဆုံးအရာက ခေါင်ရမ်းပန်းနဲ့ ကြောင်နက်…။ ငယ်ဘ၀ကတည်း လူကြီးတွေ ပြောတာကြားဖူးတယ်..။ လူသေခေါင်းမှာ ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် အဲ့ဒီလူသေဟာ ဖုတ်ဝင်ပြီး သင်းချိုင်းကို တန်းတန်းမတ်မတ် လမ်းလျှောက်သွားတယ်လို့ ကြားဖူးတယ်..။ ရှေးတုန်းက အသုဘချကြရင်လည်း ဒီလိုပဲ ချတတ်ကြသတဲ့..။ နောက်တစ်ခုကတော့ ကြောင်နက်…။ ကြောင်နက် ဆိုတဲ့ နေရာမှာ ကြောင်က တစ်ကိုယ်လုံး မဲနက်နေရမယ်..။ သူရဲ့ မျက်လုံးအစ..။ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်ကိုတော့ ကျွန်တော် တော်တော် များများ တွေ့ဖူးပါတယ်..။ ဒါပေမယ့် မျက်လုံးပါ မဲနက်နေတဲ့ ကြောင် ကတော့ ကျွန်တော့်တစ်သက် ၂ ခါပဲ မြင်ဖူးသေးတယ်..။ ရှားလဲ တော်တော်ရှားမယ့် အမျိုးပါပဲ..။ ရှေးလူကြီး တွေ ပြောကြတာတော့ တောထဲမှာပဲ နေတတ်ကြတဲ့..။ ထူးခြားတာက အဲ့ဒီလိုမျိုးကြောင်နက်တစ်ကောင်က လူသေအလောင်းတစ်ခုရဲ့ ဘယ်သူမှ စေခိုင်းချက်ကြောင့် မဟုတ်ပဲ ညာဘက်ကနေ ဘယ်ဘက်ကို ခုန်ကျော် လိုက်ပြီဆိုရင် အလောင်းကောင်ဟာ ဖုတ်ဝင်ပြီး အသက်ပြန်ရှင်လာတယ်လို့ လဲ ကြားဖူးပါတယ်..။ ဒီနေရာမှာ ပြောချင်တာက ကြောင်ကို အလောင်းကောင်ရဲ့ တစ်ဖက်ကနေ အစာနဲ့မျှားပြီး ခုန်ကျော်အောင် လုပ်တာမျိုးကို မဆိုလိုပါဘူး..။ ဒီအယူအဆကတော့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့ခဲ့သလို အချို့ဗွီဒီယိုကားတွေမှာလည်း ဒီဓလေ့ကို ထည့်သွင်းရိုက်ကူးကြတာ မြင်ဖူးကြမှာပါ…။ နိဒါန်းတောင် တော်တော် ရှည်သွားပြီ..။ ကျွန်တော် ပြောပြချင်တာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ခေါင်ရမ်းပန်း တစ်ပွင့်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ ဇာတ်လမ်း လေး တစ်ပုဒ်ပါ..။ ကဲ…စပါပြီ…။

ကျွန်တော် သူ့ကို ဒီအကြောင်းတွေ ပြောပြတော့ သကောင့်သားက ရယ်တယ်ခင်ဗျ..။ ပြီးတော့ သူလက်တွေ့ စမ်းချင်တယ်တဲ့..။ ဒါနဲ့ လာမည့် တနင်္ဂနွေနေ့ အပုပ်ချိန် ညနေ (၅း၀၀) နာရီ သင်းချိုင်းမှာ စမ်းကြမယ်လို့ ကျွန်တော်တို့ တိုင်ပင်ထားလိုက်ကြတယ်..။ သင်းချိုင်းမှာဆိုတော့ ညဘက်တော့ မစမ်းရဲဘူးဗျို့..။ ဒါကြောင့် အပုပ်ချိန်ကို ရွေးလိုက်ရတာ..။ ပြောပြရအုံးမယ်..။ ကျွန်တော်တို့က သရဲအကြောင်းဆို စိတ်ဝင်စားပြီး သင်းချိုင်းကို ခဏခဏရောက်လွန်းလို့ အဲ့ဒီက သုဘရာဇာနဲ့တောင် မိတ်ဆွေတွေ ဖြစ်နေကြပြီ..။ အခုကိစ္စမှာ လည်း သူလည်း စိတ်ဝင်စားတာကြောင့် ပါမယ်ပေါ့ဗျာ..။ ပြီးရင် သူ့ကို ကိစ္စထူးထူး မထူးထူး ထုံးစံအတိုင်း အရက်ဖိုးတော့ ပေးခဲ့ရမှာပေါ့..။

စနေနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခရီးထွက်ခဲ့ရတယ်..။ ရန်ကုန်မှာ နှစ်ပတ်ကြာတယ်..။ ကျွန်တော်ပြန်လာတော့ ဟိုကောင် ဆေးရုံတက်နေရတယ်တဲ့..။ ကျွန်တော် ဆေးရုံကို လိုက်သွားတော့ သက်သာနေတဲ့ သူ့ပုံစံကိုတွေ့လို့ စိတ်သက်သာရာရခဲ့တယ်..။ ဒီကောင်ပြောပြတာက ကျွန်တော် မလာနိုင် မှန်း သိပေမယ့်လည်း စမ်းချင်တဲ့ စိတ်ကို မထိန်းနိုင်တာနဲ့ သူရယ်.. သူငယ်ချင်းတစ်ယောက်ရယ်.. အဲ့ဒီ တနင်္ဂနွေနေ့ ညနေ (၅း၀၀) နာရီမှာ သင်းချိုင်းကို ဆိုင်ကယ်နဲ့ထွက်ခဲ့ပါသတဲ့..။ လက်ထဲမှာတော့ ခေါင်ရမ်းပွင့် တစ်ပွင့်ကို ကိုင်လို့ပေါ့လေ..။

သင်းချိုင်းကိုရောက်ရင်ပဲ သုဘရာဇာဦးလေးက တံခါးလာဖွင့်ပေးတယ်..။ပြီးတော့ ကျွန်တော့်ကိုမေးတယ်တဲ့..။ ဒီကောင်က ကျွန်တော် ရန်ကုန်သွားနေလို့ မလာနိုင်ဘူးဆိုတော့ သူတို့ကို အတင်းပြန်နှင်ထုတ်တယ်ဆိုပဲ..။ နောက်ဆုံး ဒီကောင်တွေလည်း မရမကပြောပြီး မုန့်ဖိုးပိုပေးပါ့မယ် ဘာညာနဲ့ သဘောတူခဲ့ကြတာပေါ့..။ ဒီလိုနဲ့ ဇရပ်ထဲမှာ ဒီညနေကမှ လာပို့ထားတဲ့ ကလေး အလောင်း တစ်လောင်းရှိတယ်..။ နက်ဖန်ကြမှ မြေမြှပ်မှာ…။ စမ်းသပ်ချင်ရင် အဲ့ဒီအလောင်းကို စမ်းသပ်လို့ရတယ်ပေါ့…။ အခေါင်းက ကျကျနနကို လုပ်ထားတာ..။ ကနုတ်ပန်းတွေ ဘာတွေနဲ့…။

သူအခေါင်းကိုဖွင့်လိုက်တယ်..။ ကောင်လေးက ၀မ်းလျှောပြီး ဆုံးထားတာ ဆိုတော့ ပါးချောင် နားချောင်တွေ ကျနေပြီး အရိုးစုပုံစံဖြစ်နေပေမယ့် ချစ်စရာကောင်းတဲ့ မျက်နှာလေးကတော့ပေါ်လွင်နေတယ်..။ ပြီးတော့ ကောင်လေးရဲ့မျက်နှာမှာ သနပ်ခါးတွေ လိမ်းပေးထားတာလဲဖွေးလို့…။

သူ ကြာကြာမတွေးတောပဲ.. ကောင်လေးရဲ့ ဘယ်ဘက်နားကြားထဲကို ယူလာတဲ့ခေါင်ရမ်းပန်းထိုးပေးလိုက်တယ်..။ ခဏစောင့်ကြည့်တယ်..။ ထူးလာမလားပေါ့…။ ဘာမှ ထူးမလာဘူး..။ ၁၀ မိနစ် ကြာသွားလည်း ထူးမလာဘူး..။ ဒီလိုနဲ့ ဘာမှလည်းမထူးဘူး ကျွန်တော့်ကို ပြန်ပြောစရာ ရပြီဆိုပြီ ပြန်မယ် အလုပ်မှာ သင်းချိုင်းကုန်း ခြံဝင်း သံတံခါးခေါက်သံကို ကြားလိုက်တယ်..။ သူရယ်..၊ သူ့သူငယ်ချင်းရယ်..၊ သုဘရာဇာ ဦးလေးရယ်.. ဘယ်သူပါလိမ့်ဆိုပြီး သွားလိုက်ကြတယ်..။ ကလေးငယ် တစ်ယောက်…။ ရုပ်က မသဲကွဲ…။ သုဘရာဇာ ဦးလေးက..

"ဟေ့ ကလေး..မိုးချုပ်တော့မယ်.. ဒီမှာ… ဘာလုပ်မလို့လဲ…"

"ကျွန်တော့်ကို ဒီကနေ ခေါ်နေလို့လာတာ.."

"မင်းက ဒီက ဘယ်သူမှမခေါ်ဘူး..။ မှန်းစမ်း..၊ ဘယ်ရပ်ကွက်ထဲကကလေးလည်း..၊ မိုးချုပ်တော့မယ်.. အိမ်ပြန်တော့" ဆိုပြီး မျက်နှာကို ဓါတ်မီးနဲ့ ထိုးလိုက်တာ…..

လားး လားး… အဲ့ဒီကလေးက… သူတို့ခုနမှ ခေါင်ရမ်းပန်း ပန်ပေးလိုက်တဲ့ကလေးလေး..။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့…။ ဟုတ်ပါတယ်..။ သေချာကြည့်လိုက်မှ သူ့ဘယ်ဘက်နားရွက်ထက်မှာ ပန်းကြီးတစ်ပွင့်..။


ဒါသူ နောက်ဆုံးမှတ်မိပြီး ပြန်သတိရလာတော့ ဆေးရုံရောက်နေတာတဲ့..။ ဟိုတစ်ကောင်ကတော့ သတ္တိရှိပုံ ရတယ်..။ ဆေးရုံတက်ရလောက်အောင် ဘာမှ မဖြစ်လိုက်ပေမယ့် မန္တလေးမှာပဲနေတော့မယ်ဆိုပြီး ပြောင်းသွားလေရဲ့…။ ကျွန်တော်တော့ ဒီအဖြစ်အပျက်နဲ့ မကြုံလိုက်ရတာ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ပါဘူးဗျာ…။

အောင်ထွန်းဦး (http://www.aunghtunoo.blogspot.com/

အဆိုးရွားဆုံရောဂါကြီးအကြောင်း

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "Krokodil" ကကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ 
ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။
ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။ အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ ကူးစက်လာ တာပါပဲ။ flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ်။
အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။ ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

မူမမှန်လိင်စိတ်စုံမက်ခြင်းအကြောင်း

မူမမှန်သော လိင်စိတ် စုံမက်ခြင်း Paraphilias သည်အလွန့် အလွန် ရှားပါးသော ရောဂါစု တစ်ခု ဖြစ်ပြီး အသက် ၁၅နှစ် မှ ၂၅နှစ် အရွယ် အမျိုးသား များတွင် အများဆုံး ဖြစ်လေ့ ရှိပါသည်။ 
အမေရိကန် စိတ် ကျန်းမာရေး ဆရာဝန်များ အသင်းကြီးမှ ထုတ်ဝေသော စိတ်ရောဂါ အညွှန်း (Diagnostic and Statistical Manual of Mental Disorders - DSM) တွင် "လိင် စိတ်ကြွ ခြင်းသို့ ရောက်ရှိ နိုင်သော ပြင်းထန် သော စုံမက်ခြင်းမျိုး ဖြစ်ရမည် ဖြစ်ပြီး မိမိကိုယ်တိုင် သို့မဟုတ် တစ်ပါးသူကို စိတ်ရော ကိုယ်ပါ ထိခိုက် စေသည့် အတိုင်း အတာ ထိ ဖြစ်မှ သာလျှင် ရောဂါဟု သတ်မှတ်သည်။" ဟုအဓိပ္ပါယ် ဖွင့်ဆို ထားပါသည်။ လူတိုင်းတွင် ဆန်းပြားသော လိင်စိတ် ရှိတတ် ကြသည်ကို ထည့်သွင်း စဉ်းစား သဖြင့် ရောဂါဟု သတ်မှတ်ရန် မိမိ သို့မ ဟုတ် သူတပါးအား ထိခိုက် စေသည် ဟူသည့် အချက် လိုအပ် ပါသည်။ အခြားသော စိတ်ရောဂါ များနည်းတူ ရောဂါ လက္ခဏာ အနည်းဆုံး ခြောက်လ ရှိရမည် ဖြစ်ပြီး မိမိ၏ လူမှု ဆက်ဆံရေး၊ အလုပ်အကိုင်နှင့် နေ့စဉ်ဘဝ တို့တွင် ထိခိုက် လာသည့် အနေအထား ရောက်မှ သာလျှင် ရောဂါဟု အမည် တပ်၍ ရပါသည်။
မူမမှန် လိင်စိတ် စုံမက်ခြင်း ရောဂါစု (Paraphilias)
မူမမှန်သော လိင်စိတ် စုံမက်ခြင်းတွင် ဖော်ချွတ် ပြခြင်း (Exhibitionism)၊ သက်မဲ့ အရာဝတ္ထု တစ်ခုခုကို လိင်စိတ် အလို့ငှာ တပ်မက်ခြင်း (Fetishism)၊ ပွတ်သပ်ခြင်း (Frotteurism)၊ ကလေး များကို တပ်မက်ခြင်း (Pedophilia)၊ အနာတရ ဖြစ်ပြီး လိင်စိတ် ကြွစေခြင်း (Sexual masochism)၊ ညှင်းပန်း နှိပ်စက်ပြီး လိင်စိတ် ကြွစေခြင်း (Sexual sadism)၊ ဆန့်ကျင်ဘက် လိင်၏ အဝတ် အစားများ ဝတ်ရန် နှစ်သက်ခြင်း (Transvestism) နှင့်ချောင်းကြည့်ခြင်း (Voyeurism - Peeping Tom) စသည့် ရောဂါ အခြေ အနေ ရှစ်မျိုးတို့ ပါဝင် ပါသည်။
ဖော်ချွတ်ပြ သူများမှာ အမျိုးသား များ ဖြစ်ကြပြီး အမျိုးသမီး များကို ပြသလေ့ ရှိပါသည်။ သက်မဲ့ အရာ ဝတ္ထု တစ်ခုခုကို လိင်စိတ် အလို့ငှာ တပ်မက်သူ များသည် ခြေဖဝါး စသော ကိုယ်ခန္ဓာ အစိတ်အပိုင်း သို့မဟုတ် ဖိနပ်၊ အတွင်းခံ စသော သက်မဲ့ အရာဝတ္ထု များကို တွေ့မြင်ရုံ၊ ကိုင်ထိရုံဖြင့် ပြင်းပြသော လိင်စိတ် ကြွခြင်း ဖြစ်နိုင်ကြ သူများ ဖြစ်ကြ ပါသည်။ ပွတ်သပ်ကြ သူများသည် အများ အားဖြင့် လူစည် ကားရာ နေရာ များတွင် သူတပါးအား ခွင့်ပြုချက် မရှိဘဲ လိင်စိတ် သက်သက်ဖြင့် ပွတ်သပ် အာသာဖြေ ကြသူများ ဖြစ်ကြသည်။ ကလေးငယ် များကို တပ်မက်ခြင်း ဆိုသည်မှာ အပျိုဖော်၊ လူပျိုဖော် မဝင် သေးသော ကလေးငယ် များကို လိင်စိတ် အလို့ငှာ တပ်မက်ကြပြီး ပြုလုပ်သူသည် အနည်းဆုံး အသက် ဆယ့်ခြောက်နှစ် ရှိရမည် ဖြစ်ပြီး ကလေး ငယ်နှင့် အနည်းဆုံး အသက် ငါးနှစ် ကွာခြား ရမည်ဟု ရည်ညွှန်း စာအုပ်တွင် ပါရှိပါသည်။
အနာတရ ဖြစ်ပြီး လိင်စိတ် ကြွအောင် ပြုလုပ်သူ များနှင့် ညှင်းပန်း နှိပ်စက်ပြီး လိင်စိတ် အာသာဖြေ သူများမှာမူ ရိုက်နှက်ခြင်း၊ ကြိုးတုတ်ခြင်း၊ လည်ပင်း ညှစ်ခြင်း စသည့် အန္တရာယ် ကြီးပြီး ရက်စက်သည့် အပြုအမူ များကို မိမိကိုယ်ကို လည်းကောင်း၊ တပါးသူကို လည်းကောင်း ပြုလုပ်ပြီး လိင်စိတ်ကြွ အာသာဖြေ သူများ ဖြစ်ကြသည်။ ၎င်းမူမမှန်သော လိင်စိတ်သည် အသက် အန္တရာယ် ကြီးပြီး လူကို သေစေ နိုင်လောက် သော သာဓက များလည်း များစွာ ရှိခဲ့ပါသည်။ ဆန့်ကျင်ဘက် လိင်၏ အဝတ် အစားများ ဝတ်ရန် နှစ်သက် သူများကို ယခင်က လိင်ကွဲ နှစ်သက်သူ အမျိုးသားများ အတွက် သာဟု သတ်မှတ် ထားပြီး နောက်ဆုံး ထုတ် ရည်ညွှန်း စာအုပ်တွင် လိင်တူ၊ လိင်ကွဲ၊ အမျိုးသား၊ အမျိုးသမီး အားလုံးကို သတ်မှတ် နိုင်သည်ဟု ပြောင်းလဲ ပါရှိပါသည်။ ချောင်းကြည့် သူများမှာ ရေချိုးစဉ်၊ ကိုယ်လုံးတီး ဖြစ်နေစဉ်၊ အဝတ် လဲချိန်၊ လိင်ဆက်ဆံ နေချိန်တို့တွင် လိင်အင်္ဂါ သို့မဟုတ် ကာမ စပ်ယှက်မှု တို့ကို စောင့်ကြည့်ပြီး အာသာ ဖြေ ကြသူ များဟု သတ်မှတ် ပါသည်။
ရောဂါ အကြောင်းရင်းခံ (Pathophysiology)
မူမမှန်သော လိင်စိတ် စုံမက်ခြင်း ဖြစ်ရသည့် အကြောင်းရင်း များကို သီအိုရီ မျိုးစုံ ထုတ်ပြီး ရှင်းလင်း ကြသော် လည်း မည်သည့် သီအိုရီကမှ ပြည့်စုံသော အဖြေကို မပေးနိုင် သေးပေ။ စိတ်ပညာ ဘာသာ ရပ်၏ ဖခင်ကြီး Sigmund Freud ၏စိတ်ကို ခွဲခြမ်း လေ့လာ သည့် သီအိုရီ (Psychoanalytical Theory) အရ မိတ်ဖက် ရှာခြင်း (Courtship) တွင် အဖော် ရှာခြင်း၊ အထိ အတွေ့ မရှိမီ အဆင့် (စကားပြော ကြည့်ခြင်း၊ ကြူခြင်း)၊ ထိတွေ့ ကိုင်တွယ်ခြင်းနှင့် လိင်ဆက် ဆံခြင်း ဟူ၍ အဆင့် လေးဆင့် ရှိရာ မူမမှန်သော စုံမက် ခြင်းသည် အဆင့် တစ်ဆင့်စီ တိုင်းတွင် ပုံမှန် မိတ်ဖက် ရှာသည့် အပြု အမူ ဖွံ့ဖြိုးမှု မရှိခဲ့၍ သော် လည်းကောင်း၊ ဖွံ့ဖြိုးမှု အတား အဆီးများ ရှိခဲ့၍ သော် လည်းကောင်း ဖြစ်နိုင် သည်ဟု ဆိုသည်။ ဤသီအိုရီ အရ ချောင်းကြည့် ခြင်းဖြင့် စိတ် အာသာ ဖြေတတ် သူများသည် ပထမ အဆင့် ဖြစ်သည့် မိတ်ဖက် ရှာခြင်းတွင် ပြဿနာများ ရှိခဲ့၍ ဖြစ်နိုင် သည်ဟု ယူဆရသည်။ ယောင်္ကျားလေး ကလေး ငယ်များ လိင်စိတ် သတ်မှတ် ချိန်တွင် မိခင် ဖြစ်သူက လိင်မတူ၍ 'ကျား' လိင်အဖြစ် သတ်မှတ်ခြင်း ခံရသည်ဟု ဖော်ချွတ် ပြခြင်းဖြင့် လိင်စိတ် ဖြေဖျောက် တတ်သူ များက ၎င်းတို့၏ မသိစိတ်တွင် ယူဆကြ သောကြောင့် ဖော်ချွတ် ပြသပြီး 'မ' လိင်တို့၏ အသိ အမှတ် ပြုမှုကို ရယူကြ သည်ဟု စိတ်ကို ခွဲခြမ်း လေ့လာသည့် သီအိုရီက ဆိုသည်။ ပွတ်သပ် ခြင်းဖြင့် လိင်စိတ် ဖြေဖျောက် သူများ မှာမူ ထိတွေ့ ကိုင်တွယ်ခြင်း အဆင့်တွင် အလွန်အကျူး တပ်မက် ခြင်းကြောင့် ဟုယူဆ ရသည်။
ဥပဒေ ရေးရာနှင့် ငြိစွန်းခြင်း (Legal implications)
မူမမှန်သော လိင်စိတ် စုံမက်ကြ သူများသည် ထိုအပြုအမူ တို့ကြောင့် ဥပဒေ အရ အရေးယူ ခံရနိုင် သည်ကို သိရှိကြ သော်လည်း၊ လူမှုရေး နယ်ပယ်တွင် အရှုံ့ချ ခံရမည် ကိုပင် စိတ်မပူ ကြဘဲ မိမိတို့ ပြုသော အပြုအမူ၏ စွန့်စားဖွယ် ကောင်းမှု၊ စိတ်လှုပ်ရှားဖွယ် ကောင်းမှု တို့တွင် သာယာ လာသော ကြောင့် ထပ်ခါ ထပ်ခါ ပြုမူ ကြသည် ကိုလည်း လေ့လာမှု များအရ သိရှိလာ ရပါသေးသည်။ မိမိပြု လိုက်သည့် အပြုအမူ ထက် ထိုအပြု အမူကို ပြုလုပ် လိုက်ခြင်းကြောင့် ဖြစ်လာသော စိတ်လှုပ်ရှား မှုက လိင်စိတ် အာသာ ပြေမှုကို ဖြစ်စေ သည်ဟု ဆိုလိုခြင်း ဖြစ်ပါ သည်။ ၎င်း အပြု အမူ များသည် လူမှု ပတ်ဝန်းကျင် အတွက် မသင့်လျော် သည့်အပြင် အချို့သော တပ်မက်ခြင်း များသည် အသက် အန္တရာယ် ကိုပါ ထိခိုက်နိုင် သောကြောင့် အရေးယူရန် ဥပဒေများ ထားရှိ ပါသည်။ မြန်မာ နိုင်ငံတွင် မူမမှန် လိင်စိတ် တပ်မက်မှု အားလုံးကို ရာဇ သတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇ ဖြင့် အရေးယူ နိုင်ပါသည်။ ပုဒ်မ ၃၇၇တွင် မူမမှန် လိင်စိတ် တပ်မက်ခြင်း အပြင် ဓမ္မတာနှင့် ဆန့်ကျင် သော လိင်တူ လိင်ကွဲ ဆက်ဆံမှု (Homosexuality, Oral sex, Anal sex) အားလုံး ပါရှိပြီး တစ်သက် တစ်ကျွန်း ပြစ်ဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၀နှစ် သို့မဟုတ် ငွေဒဏ် တို့ကို ချမှတ် နိုင်ပါ သည်။
ရောဂါ ဖော်ထုတ် အမည် တပ်ခြင်း (Diagnosis)
မူမမှန်သော လိင်စိတ်ကို ပင်ရင်း စိတ်ရောဂါ တစ်ခု အဖြစ် သတ်မှတ်ကြ သည့်အပြင် စိတ်ကစဥ့် ကလျား ရောဂါ၊ အရက်စွဲ ရောဂါ၊ ဉာဏ်ရည် မမီခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်း စသည့် အခြားစိတ် ရောဂါ များ၏ ရောဂါ လက္ခဏာလည်း ဖြစ်နိုင် သောကြောင့် အခြားသော ဖြစ်နိုင်ချေ ရှိသည် တို့ကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ် ပါသည်။ ထို့အပြင် ဦးနှောက် ဆစ်ဖလစ်၊ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ (AIDS)၊ ဦးနှောက် တွင်း ဒဏ်ရာရခြင်း၊ ဦးနှောက် တွင်း အကျိတ် အလုံးများ ဖြစ်ခြင်း တို့ကြောင့်လည်း မူမမှန်သော လိင်စိတ် စုံမက်ခြင်း ဖြစ်နိုင် သောကြောင့် ရောဂါ သမိုင်းကြောင်း မေးခြင်းနှင့် လူနာကို စမ်းသပ် စစ်ဆေးချိန် တို့တွင် ၎င်းရောဂါ တွေကိုပါ ရှာဖွေ ကြည့်ရန်မှာ အလွန် အရေးကြီး လှပါသည်။ မူမမှန်သော လိင်စိတ် စုံမက်သည့် ရောဂါရှိသူ တို့သည် မိမိတို့၏ စိတ်ဆန္ဒကို မထိန်းချုပ် နိုင်ကြဘဲ စိတ်ဖိစီးမှု များလာ တတ်ကြပြီး ထိုစိတ်ဖိစီးမှု များကို ဖြေဖျောက် ရန် သက်ဆိုင်ရာ အပြုအမူ များကို ပြုလုပ် တတ် ကြသဖြင့် ဝေဒနာရှင် ကိုယ်တိုင် တွင်လည်း စိတ်ဖိစီးမှု အတိုင်း အတာ တစ်ခု အထိ ရှိကြသည်ကို လူမှု အသိုင်း အဝိုင်းက နားလည် သတိပြု ရန်လည်း လိုအပ်လှ ပေသည်။ 
ကုသရန် နည်းလမ်းများ (Clinical management)
မူမမှန် လိင်စိတ် ရှိသူတို့ကို ကုသရာတွင် အခြားသော စိတ်ရောဂါ များကို ကုသသည့် နည်းလမ်း များနည်းတူ ဆေးပေး ကုသခြင်း (Biological approach)၊ မိမိစိတ်ကို သိမြင် ထိန်းချုပ် နိုင်စေရန် အားပေးသည့် စိတ်ကုထုံး (Psychological approach) နှင့်လူမှု ပတ်ဝန်းကျင်တွင် ပြန်လည် ဝင်ဆန့် နိုင်စေရန် လူမှုရေး ကုထုံး (Social approach) စသည့် (Bio-psycho-social approach) နည်းလမ်း သုံးသွယ်ဖြင့် ကုသကြ ရပါသည်။ ဝေဒနာရှင်၊ စိတ်ရောဂါ ဆရာဝန် (Psychiatrist)၊ စိတ် ပညာရှင် (Clinical psychologist)၊ မိသားစု၊ ဘာသာရေး ခေါင်းဆောင် စသူ တို့အပြင် ပတ်ဝန်းကျင် လူထုကပါ တွဲဖက် ကုသမှသာ အမှန်တကယ် ထိရောက်မှု ရှိပါသည်။ ဝေဒနာရှင် ကိုယ်တိုင် သို့မဟုတ် တပါးသူ တို့ကို အသက် အန္တရာယ် ရှိစေ နိုင်သော မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းခြင်း ကဲ့သို့ အခြေ အနေ အားလုံး အတွက် စိတ် ကျန်းမာရေး ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသ ရမည် ဖြစ်ပါသည်။
ဆေးဝါးဖြင့် ကုသမှုတွင် စိတ်ကျ ပျောက်ဆေး (Antidepressants)၊ လိင်စိတ်ကို လျှော့ချ ပေးသည့် ဆေးတို့ကို ကျွမ်းကျင် သော စိတ်ရောဂါ ကု ဆရာဝန်က တာဝန်ယူ ကုသ ရပါသည်။ စိတ်ကုထုံးဖြင့် ကုသ ရာတွင် မိမိ၏ လိင်စိတ် မူမမှန်မှုကို သတိပြု နားလည် စေပြီး ထိန်းချုပ် နိုင်စေရန် ကူညီရ သည့်အပြင် မူမမှန်သည့် စွဲလမ်း မှုများ နေရာတွင် လူမှု ပတ်ဝန်း ကျင်တွင် လက်သင့် ခံနိုင်သော လိင်စိတ် လှုံ့ဆော်သည့် အရာများကို အစားထိုး စေခြင်း တို့ဖြင့် ဝေဒနာရှင်၏ လိင်စိတ်ကို တစ်ဆင့်ချင်း ပုံသွင်းယူပြီး မူမမှန် စွဲလမ်းမှုကို သက်သာ စေခြင်းပင် ဖြစ်သည်။ ယခင် အလားတူ ဝေဒနာကို ခံစားခဲ့ ဖူးပြီး ကုသ ပျောက်ကင်း သွားသူ များနှင့် တွေ့ဆုံ စကားပြော စေခြင်း သည်လည်း စိတ်ရောဂါ ကုသ ရေး၏ အရေး ပါသော အခန်း ကဏ္ဍ တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ၎င်းဝေဒနာရှင် အများစုသည် လူမှု ဆက်ဆံရေးတွင် အခက်အခဲ ရှိသူများ ဖြစ်တတ် ကြသဖြင့် တစ်ကိုယ်တည်း နေလျှင် မူမမှန် စုံမက် မှုများ ပြန်ဖြစ်လာ နိုင်သောကြောင့် လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး စသည် တို့ကိုလည်း သင်ကြား ပေးရန် လိုအပ် ပါသည်။ လူမှု ပတ်ဝန်း ကျင် ကလည်း မူမမှန်သော စုံမက် မှုသည် စိတ်ရောဂါ အခြေအနေ တစ်ခု ဖြစ်သည်ကို နားလည် သိရှိရန် လိုအပ်ပြီး ပတ်ဝန်း ကျင်မှ ကြဉ်ထား ခြင်းမျိုး မပြု လုပ်ဘဲ စိတ်ကျန်း မာရေး အသိဖြင့် ကူညီ ပေးကြ ရန်လည်း အလွန် အရေးကြီး လှပါသည်။ 
References
(1) Medscape - Paraphilias
(2) Wikipedia - Paraphilias
(3) American Psychiatrist Association Paraphilia Fact Sheet
(4) Myanmar - The Penal Code 
Images from www.nytimes.com, freakingnews, iconolo.gy, http://lenti-1-3-9.webs.com/, deviatnart  REF; Myanmar Youth Media

ကိုယ်ဝန်ဆောင်နေစဉ်လိင်ဆက်ဆံသင့်သလား?

1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။ 
Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။ 
A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။ 
ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။ 
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။ 
ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။ 
အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။ 
ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။ 
“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။ 
ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။ 
စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။ 
ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။ 
သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။ 
အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။ 
A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

အချိန်မှန်သူလေး

အချိန်မှန်သူလေး
•••••••••••••••••••

2002 ခုနှစ် လောက်တုန်းက ရန်ကုန်ကို ကိစ္စတခုနဲ့သွားဖို့အကြောင်းဖန်လာတယ်..ရန်ကုန်ရောက်တော့ တည်းရမဲ့နေရာက လှိုင်သာယာ ကျန်စစ်သားအိမ်ယာက ကျနော်တို့မြို့ကပြောင်းသွားတဲ့ ဆရာမရဲ့တိုက်ခန်းမှာပါ။တိုက်ခန်းနံပါတ်နဲ့ အခန်းနံပါတ်တော့မပြောတော့ပါဘူး။ဆရာမကအဲ့ဒီတိုက်ခန်းမှာ နယ်ကလာပြီးအလုပ် လုပ်တဲ့မိန်းကလေးတွေကို အခန်းငှားထားတာ မိန်းကလေးဆယ်ယောက်လောက်နဲ့သူတို့မိသားစု နေကြပါတယ် ။အဲ့ဒါနဲ့..ရန်ကုန်ရောက်ရောက်ချင်း လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ညနေအိမ်ပြန်ရောက်တော့ရေမိုးချိုးထမင်းစားနဲ့စကားထိုင်ပြောတာ ညဥ့်နက်မှ အိပ်ကြရပါတယ်။အလုပ်ကပြန်လာတဲ့ကောင်မလေးတွေရဲ့ ဆူညံနေတဲ့အသံတွေရယ် ကျနော်ကဧည့်ခန်းမှာ အိပ်ရမှာဆိုတော့သူတို့အိပ်မှ ခြင်ထောင်လေးထောင်ပြီးအိပ်ရတာလေ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်း မှာ အပေါ်ထပ်က တဒုန်းဒုန်းနဲ့ အသံကြားလို့လန့်နိုးသွားတယ်၊ဒါနဲ့ နာရီကိုကြည့်လိုက်တော့ မနက်၎ နာရီပဲရှိသေးတယ်။အသံက ငရုတ်ဆုံထောင်းသလိုအသံမျိုးစည်းချက်ကျကျထောင်းနေတာဗျ...အဲ့ဒါပြီးတော့ ကြက်သွန်လှီးသလိုအသံတွေ ဟင်းချက်သလို ဒန်အိုးနဲ့ ယောင်မနဲ့ ထိခတ်သံတွေကအဆက်မပြတ်ဆိုသလို ကြားနေရတယ်၊
"မနက်အစောကြီး ချက်မယ်ဆိုရင်လဲ ပတ်ဝန်းကျင်ကိုအားနာပြီး ဖြေးဖြေးသက်သာမချက်ဘူး၊ဘယ်လို လူတွေမှန်းမသိပါ ဘူး" လို့စိတ်ထဲက ပြောပြီး အိပ်လို့မရတာနဲ့ ဝရန်တာ ထွက်ပြီးဆေးလိပ်ထိုင်သောက်နေလိုက်တယ်။၄၅ မိနစ်လောက်ကြာတော့ ချက်ပြုတ်ထုထောင်းတဲ့ အသံတွေပျောက်သွားပြီး ပန်းကန်ဆေးသံတွေကြားရပြန်တယ်၊အဲ့ ပြီးတော့ ရေချိုးခန်းတံခါးကို ဖွင့်ပိတ်သံတွေ ရေချိုးနေတဲ့အသံ တွေ ဆက်တိုက်ကြားနေရတယ် ဗျ။ အဲ့ဒီလိုအပေါ်ထပ်က ရေချိုးတဲ့အသံကြားပြီး ခနနေတော့ ကျနော်တည်းတဲ့ အခန်းပိုင်ရှင် ဆရာမက အိပ်ရာနိုးလာပြီး "ကောင်မလေးတွေ ထကြတော ဟေ့ အပေါ်ထပ်က ရေတောင်ချိုးနေပြီ" လိုပြောပြီး အခန်းတံခါးတွေကို ပုတ်ပြီး လိုက်နှိုးနေလေရဲ့...ပြီးတော့ ဝရန်တာမှာ ဆေးလိပ်ထိုင်သောက်နေတဲာ ကျနော်ကို မြင်တော့.....
"ဟယ်..သား ပြန်အိပ်လေ အစောကြီး ရှိသေးတာ ဘာလို့ ထလာတာလဲ"
"ဘယ်လိုအိပ်လို့ရမှာလဲ ဆရာမရယ် အပေါ်ထပ်က လူတွေကအစောကြီးတဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေတာပဲ" လို့ပြောလိုက်တော့ ဆရာမအပါအဝင် အိပ်ယာနိုးလာတဲ့ ကောင်မလေးတွေကပါ ကျနော်ကို ပြုံးစိစိနဲ့ကြည့်နေကြတယ်...ပြီးမှ ဆရာမက
"အပေါ်ထပ်မှာ လူတယောက်မှမနေဘူးသားရဲ့" လို့ပြောတော့ ကျနော်ကြောင်သွားတယ်။ဟုတ်တယ်လေ ခုန ပဲဆရာမကိုယ်တိုင်က အပေါ်ထပ်မှာရေတောင်ချိုးနေပြီ ထကြတော့လို ပြောပြီး လိုက်နှိုးနေပြီးတော့ အခုကျတော့ အပေါ်ထပ်မှာ လူမနေဘူးလို့ပြောပြန်တယ်...နောက်ပြီး ခုနက အသံတွေကလဲ အပေါ်ထပ်က လာတာဆိုတာလဲ ကျနော်ကိုယ်တိုင်ကြားရတာပဲကို။အဲ့ဒါနဲ့ ဆရာမက ကျနော်ကို ရှင်းပြတယ်။
"ဒီလို သားရဲ့ အပေါ်ထပ်ကအခန်းပိုင်ရှင် ကပိုက်ဆံပိုလို ဝယ်ထားတာသူတို့က မြို့ထဲမှာနေကြတာ..ဟိုတုန်းကတော့ ဆရာမတို့လိုပဲ နယ်ကအလုပ်လာလုပ်တဲ့ မိန်းခလေးတွေကို အခန်းပြန်ငှားထားတာ တနေ့တော့ စက်ရုံမှာအလုပ် လုပ်တဲ့ကောင်မလေးတယောက်က ရုတ်တရက်သေသွားတယ်..အဲ့ဒီကောင်မလေးက ဟိုတုန်းကတည်းက အစောကြီး ထပြီးချက်ပြုတ်လေ့ရှိတယ်ပြီးတော့ရေမိုးချိုးပြီး အလုပ်သွားလေ့ရှိတာပေါ့..အဲ့ သူသေပြီးနောက်ပိုင်းလဲ သူဟာ အသက်ရှင်စဉ်တုန်းကလိုပဲအစောကြီး ထပြီး နေ့စဉ်အလုပ်တွေကို လုပ်မြဲလုပ်နေတာပေါ့.....အစွဲအလမ်းကြီးလို့ လားတော့မသိဘူး ဘုန်းကြီးပင့်တရားနာပေမဲ့လည်း အဲ့ဒီ အသံတွေက ပျောက်မသွား ဘူး လေ..အဲ့ဒါနဲ့ အဲ့ဒီအခန်းကတခြားမိန်းကလေးတွေလဲ အဆောင်ပြောင်းပြေး ကြတယ် ..လေ ..အခု..နေမဲ့သူမရှိလို့ အခန်းကို ပိတ်ထားတယ်လေ" လို့ရှင်းပြတာကို ကျနော်ပါးစပ်အဟောင်းသားနဲ့နားထောင်နေမိတယ်။ အဲ့ဒါဆရာမတို့ကော မကြောက်ဘူးလား မေးတော့ "အစကတော့ကြောက်တာပေါ့ လူမနေတဲ့အခန်းက ဒါမျိုးကြီးကြားရတော့..နောက်ပိုင်းကြားရပြန်များလာတော့ မကြောက်တော့မဲ့ အပြင် သူရေချိုးခန်းဝင် ချိန်ဆို ရင် မနက် လေးနာရီ ခွဲနဲ့ လေးနာရီ လေးဆယ်ငါး ပုံမှန်လေ..အိုက်အချိန်ဆို ဒီကကောင်မလေးတွေကို အလုပ်သွားဖို့ ဆရာမက လိုက်နှိုးနေကျလေ..ခုတော့သူ က ဆရာမအတွက်တော့ အချိန်မှန်တဲ့ နှိုးစက် ပေါ့" တဲ့ ဗျာ.....
ကျနော် လည်း အလုပ်ကိစ္စတွေပြီးလို့ နယ်ကိုပြန်ဖို့ ကားဂိတ်ဆင်းကာနီး မှာ အပေါ်ထပ်ကို လှေကားထစ်တွေအတိုင်းတက်ကြည့်လိုက်တော့ .....အခန်းတံခါးဝ မှာ ပိတ်ထားတာ ကြာပြီ ဖြစ်တဲ့ သော့ခလောက် လေးက ကျနော့ ကို လှောင်ပြောင်နေသည့် အလားးးးးးးးးးးးးးးးးးးးးးးthank
......


......................မင်းချစ်သူ့

တိမ်ညွန့်စားတဲ့ကဝေမ

တိမ်ညွှန့်စားတဲ့ ကဝေမ..

ဒါကတော့ ငယ်ငယ်က ကျွန်တော်ကိုယ်တိုင် လေ့လာကြည့်ရှုခဲ့ရတဲ့ ပယောဂထုတ်တဲ့ အကြောင်းအရာလေးပါပဲ..
ကျွန်တော်အဖွားက ပယောဂကုတဲ့ အထက်လိုင်းလို့ခေါ်မယ့် ဂိုဏ်းတစ်ဂိုဏ်းကပါ..
ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖွားဆေးကုရင် ခပ်လှမ်းလှမ်းက ကြောက်ကြောက်နဲ့ ကြည့်နေကျပေါ့ဗျာ..အဖွားက လူနာကို ရိုက်တာနှက်တာတို့ ဘာတို့တော့မလုပ်ပါဘူး.. မေတ္တာနဲ့ကုတာပါ.. အရမ်းကြမ်းပြီး အာခံတတ်တဲ့ ပယောဂမျိုးနဲ့တွေ့မှသာ ဆေးတောင့်လေးတစ်တောင့်နဲ့ နောက် ဂုတ်ကို ထောက်ထားလိုက်တာပါ..အဲလိုထောက်လို့ကတော့ အဲဒီ ပယောဂ ဘယ်လိုမှ မခံနိုင်ဘူးဗျို့..ဆေးတောင့်ကလေးက လက်ညိုးလက်တစ်ဆစ်လောက်လေးပါ..ပြီးတော့ တုံးတုံးကြီးပါ.. ဟို သောက်ဆေးတောင့်လို ဟာမျိုးပေါ့.. မဲမဲလေးပါ
တစ်ခါတုန်းက ကျွန်တော်ကိုယ်တိုင်မြင်ဖူးတဲ့ ပယောဂထုတ်တဲ့အကြောင်းပြောပြမယ်..
အင်မတန် ကြမ်းပါတယ်ဗျာ.. ဖြစ်တာက အဖွားရဲ့မောင် ကျွန်တော်ဖိုးလေးပေါ့ဗျာ.. သူ့မိန်းမ မှာဖြစ်တာ..
မကျေနပ်တဲ့လူက အပင်းသွင်းလိုက်တယ်လို့ပြောတာပဲဗျာ.. တငူငူတငိုင်ငိုင်နဲ့ ညနေဆို ငိုယိုပြီးတော့..
ထမင်းတွေလည်း အရမ်းစားတာပဲတဲ့..အရင်တုန်းက ကြောင်စာလောက် စားတဲ့သူက အခုဆို ဇလုံကြီးနဲ့ လေးငါးဇလုံ စားတာတဲ့..
ပထမတော့ စားနိုင်ရင် စားပေါ့နော်.. နောက်တော့ အသားဟင်း မပါရင်လည်း အိမ်ကလူတွေကို ရန်လုပ်သေးတာတဲ့.. တစ်ခါတစ်လေ ဗိုက်အောင့်တယ် ဆိုပြီး လူးလိမ့်နေတာပဲ..နောက်ဆုံး မခံနိုင်တော့ အဖွားကိုလာပြောမှပဲ.. အဖွားက သူ့ဆီခေါ်လာဖို့ပြောတယ်..
အဖွားအိမ်က အပြန် ဖိုးလေးက သူ့မိန်းမကို ခေါ်တော့..
" နင်တို့ဘယ်သွားလဲ ငါသိတယ် တဲ့.. ငါ မလိုက်ဘူး...အတင်းခေါ်ရင် ငါ အိမ်ပေါ်ကခုန်ချမှာနော်.. " ဆိုပြီး အိမ်ပေါ်ထပ်ကတောင် ခုန်ချမလိုလုပ်တယ်ဗျ..တစ်ရပ်ကွက်လုံး ၀ိုင်းကြည့်ကြတာပေါ့ဗျာ.. နောက်တော့ အိမ်နီးနားချင်း ယောင်္ကျားလေးတွေက တိတ်တိတ်လေးတက်ပြီး ချုပ်.. အတင်းခေါ်မှ ရုန်းကန်ုပြီးပါလာတယ်..ဒါတောင် ဗလကောင်းကောင်း ၃ ၄ ယောက် မနိုင်လို့ ဒီ မိန်းမ ပိန်ပိန်လေးကို ၅ ယောက် ၆ ယောက်လောက်က ပိုင်းချုပ်.. ကားပေါ်တင် အဖွားဆီကိုရောက်လာတာပေါ့ဗျာ..
လမ်းမှာ " ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်.. " လို့ အော်ဟစ်ကြိမ်းမောင်းနေသေးတယ် ဗျ.. ဖိုးလေးလည်း စိတ်မကောင်းဘူးပေါ့ဗျာ..နောက်ဆုံး အဖွားအိမ်ပေါက်ဝရောက်တော့ သူ့ဘာသာဆင်းပြီးအိမ်ပေါက်ဝကို ဖနောင့်နဲ့ သုံးချ ပေါက်သေးတယ်ဗျ..သူလာပြီလို့ ကြားကတည်းက အဖွားက ကျွန်တော်တို့ကို အဝေးမှာရှောင်ခိုင်းထားတယ်လေ..
သူက ဘုရားစင်ရှေ့လိုက်လာတယ်.. ရောက်တော့.. ဘုရားစင်ဘက် ခြေထောက်ကြီးထိုးပြီး လုပ်နေတယ်.. ဖွားလေးက အရမ်းမျက်နှာချိုတယ်ဗျ.. လူတိုင်းကို ပြုံးပြူံးလေးပဲ စကားပြောတာ.. လူတိုင်းက ချစ်ကြတယ်လေ.. ဒါပေမယ့် အဲဒီအခေါက် ဖွားလေးမျက်နှာက ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့ အဖွားကြီးမျက်နှာလိုမျိုး.. မျက်နှာအရေပြားတွေ ရှုံတွပြီး အသက်ကြီးကြီး အဖွားကြီးလိုလိုမျက်နှာကြီးဗျ... စကားသံကလည်း ဖွားလေးအသံမဟုတ်ဘူး.. အဲဒါနဲ့ အဖွားက ဘုရားစင်ဘက်ခြေထောက်မထိုးဖို့နဲ့ ဘုရားရှိခိုးဖို့ ပြောတယ်.. ဘယ်လိုမှပြောလို့ မရဘူး.. ဒါနဲ့ အဖွားလည်း စိတ်တိုလာပြီး
" အေး,, နင်ဦးမချရင် နင့်ကို အထက်ပုဂ္ဂိုလ် ဆိုင်ရာပိုင်ရာတွေနဲ့ လုပ်ရတော့မှာပဲ ... " ဆိုတော့
" စမ်းကြည့်လိုက်လေ. ငါက တိမ်ညွှန့်တောင် စားနိုင်နေပြီတဲ့ .. နင်စမ်းနိုင်ရင် စမ်းကြည့်..." " ဆိုပြီး ပမာမခန့်တောင် တင်ပလ္လင်ခွေထိုင်နေသေးတယ်.. အဖွားကို စိန်ခေါ်တော့တာပဲ..
အဲဒီတော့ အဖွားလည်း အထက်ပုဂ္ဂိုလ် ဆိုင်ရာပိုင်ရာတွေကို တိုးတိုး တိုးတိုးနဲ့ ဂါထာတွေရွတ်ပြီး ဘုရားစင်မှာ ကပ်ထားတဲ့ သောက်တော်ရေကို စွန့်.. နောက်ပြီး ဘိုးတော်တွေကို ကပ်ထားတဲ့ အုန်းပွဲထဲက သပြေရွှက်နဲ့ ပက်တော့တာပဲ...
ကျွန်တော် စောစောက ပြောသလို သပြေရွက်နဲ့ ဘုရားသောက်တော်ရေ ပက်တာတောင် သူက ခေါင်းကိုယမ်းပြီး ပေခံနေတာဗျ..
အဲဒါနဲ့ အဖွားလည်း အနားက အဖွားနဲ့ ဂိုဏ်းတူ ဦးလေးတစ်ယောက်ကို သွားခေါ်ခိုင်းရတော့တယ်..
သူက ဘာကောင်လဲဆိုတာ အဖွားကသိလိုက်ပြီလေ.. တော်ရုံကောင်လောက်ဆိုရင် ဘုရားသောက်တော်ရေကို ဘယ်ခံနိုင်လိမ့်မလဲ..
အဲဒီမှာ ဦးလေးရောက်လာတော့ သူက ပမာမခန့် ရယ်ပြီး
" နင်တို့က နှစ်ယောက်တောင်လား.. လာခဲ့.. လာခဲ့စမ်းပါ.. နင်တို့ လုပ်ကြည့်လေ.. အေး..နင်တို့ပညာကုန်လို့ ငါ့အလှည့်လာရင်တော့ နင်တို့တွေ အသေပဲ... " ဆိုပြီး မျက်ထောက်နီကြီးနဲ့ ပြောတာများဗျာ.. တကယ်ကြောက်စရာကြီး...
အဲဒီ ဦးလေးရောက်လာမှ.. အဲဒီဦးလေးမှာ ပါတဲ့ ဆေးတောင့်နဲ့ နားထင်ကိုတစ်ဖက် လည်ဂုတ်ကို တစ်ဖက် ထောက်.. အဖွားက သူ့လက်ကောက်ဝတ်နှစ်ဖက်ကိုထောက်.. ဂါထာတွေ ရွတ်လိုက်တာဗျာ.. ဥုံ ခံခံပြီး ရွတ်ရတာ.. အကြာကြီးပဲ.. ကြားရတဲ့လူတောင် ကြက်သီးထစရာ.. ပထမတော့ အဲဒီလူနာ ဖွားလေးက အံကြီးကြိတ်ပြီး တောင့်ခံထားတယ်ဗျ.. အသားတွေတုန်နေတယ်..နောက်ပြီး
သွားတွေများဗျာ.. ကျလိ ကျလိနဲ့တောင် အသံကြားရတယ်..မေးကြောကြီးတွေထောင်လို့... အချိန်တော်တော်လေးကြာပြီး နောက်တော့မှ.. တအားအားနဲ့အော်တော့တာပဲဗျို့..အသံအကျယ်ကြီးပဲ..
မသိရင် တော်တော်နာနာကျင်ကျင် ခံနေရတဲ့ပုံပဲ.. ဆေးတောင့်လေးတွေနဲ့ပဲ ထောက်တာနော်.. အော်တာမှ အသားကုန်ပဲ
ချွေးသီးချွေးပေါက်တွေတောင် ကျတယ်..ကြည့်တဲ့လူအားလုံးလည်း ဘယ်သူမှ တုတ်တုတ်တောင် မလှုတ်ရဲဘူး.. အဲလိုပဲ ကျွန်တော်အဖွားနဲ့ ဦးလေးလည်း ချွေးတွေများ ရေချိုးထားသလားအောက်မေ့ရတယ်..
နောက်တော့မှ ဟင်းးးးးးးးးးး ဆိုပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး..
" အေး.. နင်တို့လက်ဦးသွားလို့ နိုင်သွားတယ်.. တောက်..." ဆို တောက်တစ်ချက်ခေါက်ပြီး ခြေထောက်တွေဘာတွေ ပြင်ထိုင်ပြီး..
" နင်တို့ ရှိခိုးစေချင်တာ မဟုတ်လား.. အေး.. ရှိခိုးတယ်ဟာ.. " ဆိုပြီး ဘုရားကိုပေါက်ဆိန်ပေါက်သလို ရှိခိုးတော့တာပဲ.. အဲဒါနဲ့ အဖွားက
" ကောင်းကောင်း ရှိခိုး.. မရှိခိုးရင် နင့်ကို ငါတို့ရဲ့ စက်တွေကနေ ဖယ်မပေးဘူး.. " ဆိုပြီး ပြောမှ သေချာရှိခိုးတော့တယ်..
အဲဒီတော့မှ.. အဖွားက သိချင်တာတွေ မေးတော့တယ်..
" နင် ဘယ်သူလဲ.. " ဆိုတော့
" ငါပညာသည်ပဲ.. " တဲ့..
" နင့်ပညာ အဆင့်ဘယ်လောက်ရောက်ပြီလဲ မေးတော့.. "
" နင်တို့လက်ဦးသွားလို့.. နင်တို့ပညာလောက်နဲ့ ငါ့ကို မနိုင်ဘူး.. ငါကတိမ်ညွှန့်တောင် စားတဲ့အဆင့်ရောက်နေပြီ .." တဲ့..
နောက်မှ အဖွားပြန်ပြောပြတာက ကဝေဖြစ်နေပြီတဲ့.. ကဝေတောင် ရိုးရိုးကဝေ မဟုတ်ဘဲ.. နောက်ထပ်နဲနဲလေးသာ မြင့်သွားရင် ဇော်ကနီ ဇော်ကနက်အဆင့်ထိရောက်တော့မယ် တဲ့..အဲဒီအချိန်သာ လုပ်နိုင်လိုက်ပြီဆို၇င် အဖွားတို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး တဲ့..နောက်တော့ အဖွားက ထပ်မေးတယ်..
" နင်ဘယ်မှာနေတာလဲ.. ဘာအငြိုးနဲ့လုပ်ရတာလဲ.. " တဲ့..
အဲဒီတော့ သူက " ငါ့မှာ ဘာအငြိုးမှမရှိဘူး.. အကူအညီလာတောင်းလို့ လုပ်ရတာ.. " တဲ့..
ဒါတောင် အကူအညီပေးရုံပဲနော်.. သူသာလုပ်ရင် သေများသေသွားမလားမသိဘူး..
ဖွားလေး ဗိုက်အောင့် အောင့်နေတဲ့ကိစ္စကို အဖွားက သိတော့..
" နင် သွင်းထားတဲ့ နင့်စက်တွေ အကုန်ထုတ်.. ဖျက်သင့်တာဖျက်.. ထုတ်သင့်တာထုတ်.. ဘယ်လောက်တောင် နင့်စက်တွေသွင်းထားတာလဲ.. ဒီမှာ လူနာ တော်တော်ခံစား၇နေတယ်.. " လို့ပြောတော့..
" နည်းနည်းလေးပါ.. " တဲ့..
အဲဒီနောက်.." နင့်စက်တွေ ဆံစကနေ ခြေဖျားအထိ.. အကုန်ထုတ်စမ်း.. အထက်ပုဂ္ပိုလ် များအမိန့်အရ.. မခြွင်းမချန်စေရ.. စက်များ အကန်ုထုတ်နိုင်စေရမည်.. ငါဆရာ အမိန့်.. " လို့ပြောတဲ့အခါ.. သူ့တစ်ကိုယ်လုံးကို ပွတ်သပ်ပြတယ်..
လက်တွေရော ခြေထောက်တွေရော ခေါင်းတွေရော.. အကုန်ပွတ်သပ်ချပြတယ်..
အဲဒီနောက်.. " ကျန်သေးလား .." ဆိုတော့.. " ကျန်သေးတယ်.... " ဆိုပြီး.. အန်မလိုလုပ်ပြတယ်..
အဖွားလည်း ကြည့်နေတဲ့ လူတစ်ယောက်ကို ဇလုံတစ်လုံယူခိုင်းလိုက်တယ်..
အဲဒီမှာ.. အန်တာ အန်တာဗျာ.. မရွံ့ကြနဲ့နော်..
ကျွန်တော်တို့မြင်ဖူးထားတာ.. အန်တဲ့အခါ အစာဟောင်းတွေ အစာခြေပြီးသားတွေ အကျေတွေကို အရည်တွေနဲ့ရောပြီး အန်တာပဲမြင်ဖူးပါတယ်..ဖွားလေး အန်တာကတော့ အဆီတုံးတွေဗျာ.. တစ်တုံးတစ်တုံး နည်းတာမဟုတ်ဘူး.. အတုံးကြီးတွေ မှ အကြီးကြီးတွေပဲ.. သွေးစသွေးနတွေတောင်ပါတယ်...
ဝက်သားလို အဆီတွေလည်း မဟုတ်ဘူးဗျ.. မြင်အောင်ပြောရရင် ငါးအသည်းတွေ လိုလေ..
ငါးအကောင်ကြီးကို ရင်ခွဲလိုက်ရင် အထဲက အသည်း အူတွေတွေထွက်လာသလို အဆီတုံးကြီးတွေ.. တော်တော်များတယ်ဗျ..
ကြည့်ရတဲ့လူတောင် ကြက်သီးထတယ်..နောက်ဆုံးမှာ ပါလာတာက ဆံပင် အထွေးကြီး... နဲနဲနောနောကြီးမဟုတ်ဘူး..
အထွေးလိုက်ကြီးကို ကျလာတာ.. .ကြည့်နေတဲ့လူတွေ အားလုံးလည်း .. ဟာ ကနဲဖြစ်သွားတာပေါ့..
ဆံပင်က နောက်ဆုံးပဲ..
ပြီးတော့.. အဖွားက ကုန်ပြီလား ဆိုတော့.. ကုန်ပြီ တဲ့.. ပြီးတာနဲ့ ဒီလိုအတတ်ပညာနဲ့ နောက်သူတပါးကို မလုပ်ဖို့.. အဲလိုလုပ်ရင် ငရဲခံရတဲ့အကြောင်း ဖြောင်းဖျ နားချလွတ်တာပေါ့ဗျာ.. တစ်ခါတည်း ပညာတွေ အဆက်ဖြတ်မလားဆိုတော့ အဲလိုတော့မရသေးဘူး တဲ့ .. သူလည်း တဆင့်ခံပညာယူထားတာတဲ့.. ပညာဆင့်မြင့်နေပြီဆိုတော့ ဖြေးဖြေးချင်းဖြတ်ချမှ ရမှာတဲ့.. တစ်ခါတည်း ဖြတ်လိုက်ရင် သူ့အသက်တောင် အန္တရယ်ဖြစ်မယ် ဆိုပဲ.. အဲဒါနဲ့ အဖွားကလည်း နင့်အသက်အန္တရာယ်ဖြစ်မှာတော့ စိုးရိမ်တယ်.. သူများအသက်ကိုတော့ နင်ကလုပ်တယ်.. တရားရဲ့လား.. ဆိုတော့ .. သူနောင်တရပါပြီတဲ့.. နောက်မလုပ်တော့ဘူး လို့ ကတိပေးတယ်..
ပြီးတော့မှ.. ဘုရားကို အရင်ကန်တော့.. အထက်ပုဂ္ပိုလ်တွေ ကန်တော့.. နောက် ဆရာနှစ်ဦးကို ကန်တော့ ခိုင်းပြီး မှ ပြန်ထွက်ခိုင်းတော့တယ်..
ဒီလိုနဲ့ နောက်နေ့ ဖွားလေးလည်း အရင်ကအတိုင်း ကျမ်းကျမ်းမာမာပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်သွားပါတယ်လို့ ပြောရင် ကျွန်တော့်ကိုယ်တွေ့လေးကို ဇာတ်သိမ်းလိုက်ပါတယ်..

ဝင်ရောက်ဖတ်ရှုအားပေးကြတဲ့ ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်.. စာအရေးအသားညံ့ဖျင်းမှုများပါရင် ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း..

ဆိုက်ကားအားလား

ဆိုက်ကားအားလား..
***********************************************
မေဗေစ့်တို့ငယ်ငယ်ကပေါ့.. တာမွေမေတ္တညွှန့်ထဲမှာဖြစ်တာ.. (အဲ့ဦးရှည်ကြီးရှိဦးမလားမသိ..သွားရှာကြည့်ရဦးမယ်..) သူကဆိုက်ကားသမား.. လေတစ်ခြမ်းဖြတ်ထားလို့ပါးနည်းနည်းရွဲ့ချင်နေတယ်.. သူကည၁၂း၀၀လောက်ထိဆိုက်ကားနင်းပါတယ်..ပြီးမှသူ့အိမ်လေးကိုပြန်တတ်တယ်.. ဖြစ်ချင်တော့..အာသောကဘက်ကနေသူပြန်လာတယ်ကျောက်မြောင်းထဲကိုပါစင်ဂျာသွားပို့တာပေါ့အဲ့မှာ..စတွေ့တာပဲကောင်မလေးတစ်ယောက်ဆိုက်ကားငှားတယ်တဲ့ဗျ.. လှတီးလှတလေးပေါ့.. (ညဥ့်ငှက်မလေးထင်လို့ခေါ်တင်လာတယ်ပေါ့) ဘယ်ကပြန်လာတာလဲဘာလဲပေါ့.စကားပြောလာကြတယ်တဲ့.. အာသောကကွေ့လဲတက်ပြီးရော..တဖြည်းဖြည်းလေးလာရောတဲ့.. အဲ့မှာကောင်မလေးကသူလှရဲ့လားလို့မေးတယ်.. လှပါတယ်..လို့ပြန်ဖြေတော့သေချာကြည့်ပါဦးရယ်ဆို့လို့သူလဲဘာ၇ယ်မဟုတ်လှည့်ကြည့်တော့မှ..လားလား..လည်ပင်းမှာခေါင်းမှ၇ှိပဲ ခေါင်းကလက်ထဲမှာ ပြီးတော့ပြုံးပြနေသေးတယ်..ဘာပြောကောင်းမလဲဆိုက်ကားတစ်စီးလုံးထားပြီးပြေးတော့တာပဲ..မနက်ကျမှကားလမ်းမအလယ် ဦးရှည်ကြီးဆိုက်ကားကန့်လန့်ကြီးကာထားတာတွေ့လို့မေးတော့မှသိရတာ.. ငိငိ.. သူလဲအဲ့နေ့ပြီးတော့၂ ရက်လောက်ဖျားသွားတယ်..!
*SMS*

mandalayရောက်အမှတ်တရသရဲအကြောင်း

### မန္တလေးရောက် အမှတ်တရ ###
(မန်ဘာ အငြိုးမဲ့စက်ကွင်း ရေးသား ပေးပို့ထားတဲ့ ဇာတ်လမ်းလေးပါ...)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆လောက် ရန်ကုန်ကနေ မန်းလေးကို ခ၇ီးထွက်ခဲ့တယ် အလည်ပေါ့ တစ်ပတ်လောက်နေမယ်ဆိုပီး ထွက်ခဲ့တာ ဖြစ်ချင်တော့ အိမ်ပေါ်ကဆင်းထားတော့ မှတ်ပုံတင်က ပါမသွားဘူး( ခုတော့ အပျောက်ေ၈ှာက်ထားလို့၈ှိပီ ) ၇န်ကုန်ကနေ ည၉နာ၇ီကားနဲ့ ထွက်လာတာ GI Group နဲ့ပါ မန်းလေးကို မနက် ၅:၁၅လောက်ေ၇ာက်တယ် ကျွန်တော်သွားတဲ့ အချိန်က မနက်ပိုင်း နောက် သူငယ်ချင်းတွေကိုလဲ မပြောဘဲ သွားတာဆိုတော့ မန်းလေးမှာ အသိမ၈ှိဘူးပေါ့ ဟိုတည်တွေကလဲပြည့်နေတယ် တော်တော်များများက မှတ်ပုံတင်ပါမှလေ နောက်ဆုံးဆိုင်ကယ် သမားက ဟိုတည်သေးသေးလေးတစ်ခုမှာ ချပေးတယ် နေ၇ာတစ်နေ၇ာ ၇ပီပေါ့ အခန်းခပေးပီး နာ၇ီကြည့်မိတာ ၆:၁၀ မိနစ် အဲ့ချိန်အိပ်လိုက်၇င် ကျွန်တော် ညမိုးချုပ်မှ နှိးမှာမို့လို့ မအိပ်ပဲ အသိတစ်ယောက်ကို မန်းလေးေ၇ာက်နေပီ လာခေါ်ဖို့ပြောလိုက်တယ် (ဟိုတည်နာမည် မထည့်ထားဘူးနော်)
အဲ့ချိန်ထိဘာမှ မဖြစ်သေးဘူး နောက် ဟိုတည်တည်း၇င် အကျင့်က အိမ်သာေ၇ချိုးခန်း သန့်မသန့် အခန်းထဲမှာ ၈ှိသမျှနေ၇ာ လိုက်ကြည့်တက်တာဆိုတော့ မျက်လုံးထဲ မြင်အောင်ပြောပြမယ်နော် တံခါးဝင်ပေါက်ကနေ၀င်၇င် ဘယ်ဘက်မှာ ကုတင် ၂ လုံး၈ှိမယ် ဘယ်ဘက်က ကုတင်အောက်တည့်တည့်မှာ TV ၇ယ်ေ၇ခဲသေတ္တာ၇ယ် ခုံ၇ယ်၈ှိတယ် TV ၇ဲ့ မျက်စောင်းထိုးမှာ အိမ်သာပေါ့ ကျွန်တော်က ပါလာတဲ့ လက်ကေ့စ်နဲ့ ကျောပိုးအိတ်ကို ဘယ်ဘက်ကုတင်မှာတင်လိုက်တယ် နောက် ဒီဘက်ကုတင်ပေါ်မှာလှဲ လိုက်ပီး ဖုန်းကလိနေတယ် ခဏနေ သူငယ်ချင်း လာခေါ်တာနဲ့ လိုက်သွားတယ် ဒိုင်းမွန်းပလာဇာ (အဲ့တုန်းက ၈ုပ်၇ှင်၈ုံမဖွင့်သေးပါ) အပေါ်ထပ် Moon မှာ မုန့်စားပီးလေကြော ၈ှည်နေတာ ၂ခွဲလောက်ကြ မ၇တော့ဘူး လူက အ၇မ်းပင်ပန်းပီး အိပ်ချင်လာတယ် ဒါနဲ့ ဟိုတည်ပြန်ပို့ခိုင်းပီး ဘော်ဒါကို ပြန်လွတ်လိုက်တယ် အခန်းထဲေ၇ာက်တော့ ၃ နာ၇ီထိုးတော့မယ် နှိးမှေ၇မိုးချိုးမယ်ဆိုပီး ဖိနပ်တောင် မချွတ်ပဲ အိပ်ပလိုက်တာ ၆ နာ၇ီလောက်မှာ နိုးလာတယ် ဘာကြောင့်နိုးမှန်း ခုထိတွေးလို့မ၇ဘူး ခေါင်းကြည်အောင် ကျွဲ၈ိုင်း ဖောက်သောက်လိုက်သေးတယ် ပီးတော့ TV ဖွင့်တယ် MRTV -4က ဘောပွဲခန့်မှန်းချက် လာနေတယ် နားထောင်၇င်းနဲ့ မှေးခနဲဖြစ်သွားတာေ၇ကျသံ ကြားမှနိုးလာတယ်ေ၇ချိုးခန်းကကြား၇တာပါ ထကြည့်ပီးေ၇ချိုးခန်းမီးဖွင့်တော့ ဘေစင်ကေ၇ဖွင့်ထားလို့ေ၇ကျနေတာ ကျွန်တော်စေ၇ာက်ထဲကဘေစင်ကို မသုံး၇သေးဘူး ကိုယ်အပြင်သွားတုန်း ၀န်ထမ်းတွေ အခန်းလာ၈ှင်းတယ်ထင်ပီးအေးအေးပဲပေါ့ေ၇ချိုးခန်းမီးပြန်ပိတ်ပီး ကုတင်ပေါ်တက်လိုက်တော့ အဲ့ချိန် အာဆင်နယ်ပွဲလာနေတယ် မန်ယူဖန်ဆိုတော့ စိတ်မ၀င်စားပေမဲ့ အိပ်မပျော်သေးတော့ ခဏကြည့်နေတာပေါ့ ကြည့်နေတုန်းေ၇ကျသံ ကြား၇ပြန်ေ၇ာ ဒီတခါထမကြည့်တော့ဘူး TV နားကပ်ပီးအထဲ ကြည့်တော့ ၇ိပ်ခနဲ လူခေါင်းပိုင်းနေ၇ာလောက်က လှုပ်သွားတာ တွေ့လိုက်၇တယ် သူခိုးထင်ပီး ဟထားတဲ့တံခါးကို ကန်ပီး မီးဖွင့်လိုက်တာ ဘယ်သူမှမ၈ှိဘူးေ၇ကကျနေတုန်းပဲေ၇ပိတ်ပီး ဒီတခါ မီးပါဖွင့်ထားတယ် တံခါးလဲဖွင့်ထားတယ် စောင့်ကြည့်တာ မထူးလာလို့ ကုတင်ပေါ်ပြန်တက်ပီး အိပ်တာပေါ့ အိပ်ပျော်မယ်၈ှိသေးတယ် ခြုံထားတဲ့စောင်ကိုအောက်ဆွဲချသလိုခံစားနေ၇တယ် (စိတ်ထဲမှာ ၇န်ကုန်ကအိမ်မှာပဲထင်နေတာလေ) အကိုတွေနောက်နေတယ်ထင်ပီး ဆဲတာပေါ့ ဆဲပီးပြန်ခြုံအိပ်လိုက်တာ နောက်တခါကျ ၀ုန်းခနဲ ဆောင့်ဆွဲခံလိုက်၇တယ် လူဆိုတော်တော်ကို ခေါင်းနပန်းကြီးသွားတာ အဲ့ကျမှမန်းလေးကို အလည်ေ၇ာက်နေမှန်း သတိ၇မိတာ အခန်းမီးဖွင့်ပီး ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ပီး ဘာလုပ်၇မလဲတွေးနေတာပေါ့ အမှန်က အ၇မ်းကြောက်နေပီ တစ်ယောက်ထဲမို့လို့ စိတ်မနဲတင်းထားတာ အချိန်က ၉ခွဲနေပီ ငါအိပ်ေ၇းမ၀လို့ လျှောက်ထင်တာဖြစ်မှာပါဆိုပီး ကျွဲ၈ိုင်း ဗူး ထပ်သောက်တယ် ( မှတ်မှတ်၇၇ ဘာဆို ဘာအ၇က်မှ မသောက်ထားဘူး ) စိတ်ငြိမ်အောင်ထိန်းပီး ပြန်အိပ်တယ် နောက် ဘာသံမှမကြား၇အောင် သီချင်းဖွင့် နားကြပ်တပ်ပီးအိပ်တာပေါ့ ဒီတခါကျ ခံစား၇တာပိုဆိုးတယ် မသက်သာဘူး ခြေထောက်ကို အသာလေးဆွဲချနေသလို ခံစား၇တာ အိမ်မက်လား ဘာလားပေါ့ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်ဖူးလား အဲ့လိုဖြစ်နေတာ ဖိနပ်မချွတ်ပဲ အိပ်တော့ All star ကိုလာထိတာက ခံစားလို့၇နေတယ်လေ မျက်လုံးအသာဖွင့်ကြည့်တော့ ကုတင်အောက်ကို တစ်ဝက်လောက်ေ၇ာက်တော့မယ် ထ၇၇င်ကောင်းမလား အော်၇င်ကောင်းမလားတွေးနေတာပေါ့ အဲ့တုန်းက ၁၉နှစ်ဆိုပေမဲ့ တော်တော်ကို ကြောက်နေတာပါ သူဆွဲတာ ဒူးကခြေ၇င်းအထစ်နားလဲေ၇ာက်ေ၇ာ ဆောင့်ဆွဲချလိုက်တာ ခါးတော်တော်နာသွားတယ် အောက်ပိုင်းတစ်ဝက်လုံး ခြေ၇င်းကို ကျသွားတာ ကြောက်လဲကြောက် ဒေါသလဲထွက်တာပေါ့ အဲ့ချိန် ကြောက်တဲ့စိတ်ထက် ဒေါသကပိုနေတော့ ဆဲနည်းမျိုးစုံနဲ့ ဆဲတာ ကျောပိုးအိတ်ထဲပါလာတဲ့ ဆိုင်ကယ်ချိန်းကို ထုတ် အဲ့ အခန်းမှာ ၈ှိသမျှ TVေ၇ခဲသေတ္တာကလွဲ၇င် အကုန်၈ိုက်တာ လက်တွေလဲပွန်းပဲ့ကုန်တာ ကိုယ်မောလို့ နားတုန်းပဲ၈ှိသေးတယ်ေ၇ကျတဲ့ အသံကထွက်လာပြန်ေ၇ာ ၁၁ ထိုးဖို့ ၁၅ပဲလိုတော့ တယ် လူကမ၇တော့မှန်း သိနေပီ ၇န်ကုန်က အကိုကို ဖုန်းဆက် မန်းလေးက အနီးဆုံး သူငယ်ချင်းဖုန်းနံပါတ်တောင်း ခေါ်တော့ သူကမအိပ်သေးဘူး GTC ကျောင်းသား စာလုပ်နေတာ စာတင်၇မှာမို့လို့တဲ့ သူ့ကိုဖုန်းဆက်ခေါ်တော့ သူကကိုယ့်အသံနားထောင်ပီး စက်ကွင်း ဘာဖြစ်နေတာလဲ ဘာပြသာနာတက်လို့ အသံတုန်နေတာလဲ ခုဘယ်မှာလဲပေါ့ မေးတာစုံနေတာပဲ သူမေးတာမပြောပြပဲ ဟိုတည်နာမည်ပြောပီး ငါ့ဆီအမြန်လာပေးပါလို့ ပြောပီးဖုန်းချလိုက်တယ် သူက မန်းလေးမြောက်ပြင်နားမှာနေတာ စိတ်ထဲ မိနစ် ၂၀လောက်၈ှိမယ် သူမလာခင်အဲ့အခန်းထဲမှာနေ၇တာ အဲ့ချိန် ၀င်ပေါက်တံခါးကိုကျောပေးပီး မတ်တပ်၇ပ်နေတာ မလှဲ၇ဲတော့ဘူး အဲ့ထိေ၇ကျသံကလွဲပီးမကြား၇ဘူး အဲ့ကောင်က အောက်လဲေ၇ာက်ေ၇ာ ဖုန်းလှမ်းခေါ်တယ် သူတက်လာမယ် နံပါတ်ပြောတဲ့ ၂၀၇ မြန်မြန်လာလို့ ပြောပီး သူလဲအခန်းထဲေ၇ာက်ေ၇ာ ၈ှုပ်ပွနေတာ မြင်ပီး ဘာဖြစ်နေတာလဲတဲ့ မေးတုန်း၈ှိသေးေ၇ချိုးခန်းကေ၇ချိုးဇလုံ ကွဲသလိုလို အသံကြား၇တယ် မျက်၇ိပ်ပြပီး အဲ့လိုပဲ လို့ပြောတော့ သူကငါနဲ့လိုက်ခဲ့တဲ့ လက်ကေ့စ်ကို နောက်မှယူ သွားမယ်ပြောတယ် ပိုက်ဆံအိတ်ယူနေတုန်း၈ှိသေးတယ် အိမ်သာ တံခါးဝုန်းခနဲ ပိတ်တာကြားလိုက်၇တယ် ကိုယ်ေ၇ာ ဒီကောင်ပါ ၀ိုင်းဆဲတာပေါ့ ၂ယောက်ဆိုတော့နဲနဲ မကြောက်တော့ဘူး အား၇အောင်ဆဲပီး တံခါးက မြန်ုမြန်ထွက်ပီး သော့ခတ်နေတုန်း တံခါးကို အခန်းထဲက တဒုန်းဒုန်းထုတာ အဆတ်မပြတ်ပဲ ကိုယ်တွေလဲ မဖွင့်ကြည့်တော့ပဲ တစ်အားဆဲပီး ပြေးဆင်းလာကြတာ အောက်ေ၇ာက်ေ၇ာ ကောင်တာက ညဘက်မန်နေဂျာနဲ့ အလုပ်သမား ၂ယောက်၇ယ် နောက်တစ်ယောက်က ဆိုင်ကယ်သမားလား မသိဘူး ၄ ယောက်ထိုင်နေတယ် ဂျာကြီးနဲ့ ၀န်ထမ်းတွေ မျက်နှာ ပျက်နေတာ မြင်လိုက်သေးတယ် ဘော်ဒါက သော့ယူသွားတယ် မနက်ကျမှ အထုတ်လာသယ်မယ်ပြောပီးမေးတာပေါ့ သူက ငါလာတာကိုယ်တိုင်ကြုံလို့ မဟုတ်၇င် မယုံဘူးတဲ့ သူ့အိမ်ေ၇ာက်တော့ သူ့အမက မျက်နှာပျက်လို့ ဘာဖြစ်နေလဲမေးတော့ သ၇ဲခြောက်ခံ၇တာ လို့ပြောတာမယုံဘူး ၇ီပီးတော့ အငယ်ကောင်နင် ခုမှ ၇န်ကုန်ကေ၇ာက်တာမလား လာမနောက်နဲ့တဲ့ မဟုတ်ဘူးတကယ်ပြောနေတာ သော့ပါပြတာ မယုံဘူး လက်ကိုဆေးထည့်နေတုန်း အဲ့အမ ယောကျာင်္း စင်တင်ကပြန်လာတယ် ( မန်းလေးသားတွေက စင်တင်ကို ၈ိုး၇ာလိုသွားနေတာလား မသိဘူး တစ်လလောက်နေတာ စင်တင်တော်တော် စုံသွားတယ် အကြိုက်ဆုံးက Noble နဲ့ 007
မိန်းမတွေယောကျာင်္းစကားယုံတာ ထောက်ခံတယ် အဲ့အကိုက ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့ သူတို့ေ၇ွတွင်းက ပြန်လာလို့ ဘော်ဒါတွေ စုပီးပြန်လာ၇င် သူငယ်ချင်းတွေ ဟိုတည်မှာ ဖဲ၈ိုက်အ၇က်သောက်တယ်တဲ့ သူတို့ ကြုံဖူးတယ် ပြောတယ် နောက်အဲ့အခန်းက ပိတ်ထားတယ်ပြောတာပဲ နောက်နေ့ အိမ်က ကားနဲ့သွားယူမှ ဂျာကြီးကတောင်းပန်တယ် မခြောက်တာကြာတော့ မဖြစ်တော့ဘူးထင်လို့တဲ့ နောက် အခန်းကလဲ မကျန်တော့ဘူး ဆိုတော့ အောက်ဆိုဒ်၇အောင်ပေးတာတဲ့ မသေတာကံကောင်းပဲ လျော်ကြေးပေး၇သေးတယ် တံခါးတွေကိုထုထားတာ ကြေနေလို့ သူစိုက်ပါ့မယ်တဲ့ေ၇ချိုးဇလုံဖိုးတော့လျော်ပါတဲ့ ၅သောင်းမြောက်သွားတယ် မှတ်မှတ်၇၇ မန်းလေး ပထမေ၇ာက်အမှတ်တ၇ပါ ခုဆို ဘယ်ချိန်သွားသွား သူငယ်ချင်းအိမ်ပဲ တည်းတော့တယ် သူသက်သေ၈ှိလို့ ဘော်ဒါတွေစုံလို့မေးလို့ပြော၇င် မယုံချင်ကြဘူး တကယ်ဖြစ်ခဲ့တဲ့အတိုင်းေ၇းထားတာပါ..........။ ။ ။

Credit by အငြိုးမဲ့ စက်ကွင်း

ရှေးထုံးလည်းမပယ်နဲ့

ရှေးထုံးလည်း မပယ်နဲ့...

ကျွန်တော် အခုရေးမယ့် အကြောင်းလေးကတော့ မန်ဘာ မ Ingyin Tinohn ပေးပို့ထားတာပါ..

ဒီအဖြစ်အပျက်က ကျွန်မအစ်မ လင်မယား တစ်ကယ့်ကို ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးပါ.. ဒီအဖြစ်အပျက်လေးကြောင့် ရှေးလူကြီးတွေပြောစကားဖြစ်တဲ့ ရှေးထုံးကိုလည်း မပယ်နဲ့ ဆိုတဲ့စကားလေးကို ယုံကြည်လက်ခံသွားရပါတော့တယ်.. ကျွန်မ မမက ကျောင်းဆရာမပါ.. သူ့ယောင်္ကျား ကျွန်မခဲအိုကတော့ ၂ပွင့်နဲ့ ရဲတစ်ယောက်ပါ.. သူတို့မှာ ၂ နှစ်သား ကလေးတစ်ယောက်ရှိပါတယ်.. အင်မတန်စကားတတ်တဲ့ ကျွန်မတူလေးပေါ့ရှင်...
ခဲအိုက ရဲတစ်ယောက်ဆိုတော့ ရဲလိုင်းခန်းမှာနေရပါတယ်.. တစ်ရက် မမတို့ မျက်နှာချင်းဆိုင် အိမ်မှာ နာရေးတစ်ခုဖြစ်ပါတယ်.. သေသွားတာက အဖိုးကြီးပါ.. သူက သူ့သားနဲ့ သမီးတွေကို အရမ်းချစ်ပါတယ်.. သူ့သားကလည်း ရဲတစ်ယောက်ဖြစ်ပါတယ်.. နောက်တစ်ခုက အဖိုးကြီးက ကြက်ဥအရမ်းကြိုက်ပါတယ်.. အဲဒီအဖိုးကြီး သေသွားတဲ့ရက်မှာပဲ ခဲအိုလုပ်တဲ့သူက ညနေစောင်း အပြင်ထွက်ပြီး သူ့သားကို ပက်လက်လှန်ပြီး ချီမိပါတယ်.. အဲဒါကို မမကမြင်တော့ ညနေစောင်း ကလေးတွေကို ပက်လက်လှန်မချီရဘူး ဆိုပြီးတားပါတယ်.. ဒါပေမယ့် ခဲအိုလုပ်တဲ့သူက အဲဒါတွေ အယုံအကြည်မရှိပါဘူး..
( နောက်မှ သိရတာက ကလေးကို ပက်လက်ချီလိုက် မြှောက်လိုက် ကစားရင်း ကလေးကိုယ်က လေးလာတယ် လို့ သိရပါတယ်.. )..
ဒီလိုနဲ့ ညဦးပိုင်းရောက်တော့ ခဲအိုက အရေးပေါ်ကိစ္စတစ်ခုရှိတာနဲ့ ထွက်သွားရပါတယ်.. အိမ်မှာ မမရယ်. ကလေးရယ်ပဲ ကျန်ခဲ့တာပေါ့.. ညနက်ပိုင်းရောက်တော့ အရှေ့အသုဘအိမ်က အသံတွေကြောင့် အိပ်မရဖြစ်နေတဲ့အချိန်မှာပဲ..
ကလေးလေးက " မေမေ သား.. ကြက်ဥပြုတ်စားချင်တယ်... " လို့ ပြောပါတယ်..
မမကလည်း ကလေးစားချင်လွန်းလို့ ပြောတာပဲ ဆိုပြီး အိမ်မှာလည်းအဆင်သင့်ရှိတာနဲ့ ထပြုတ်ပေးပါတယ်.. တလက်စတည်း မနက်ဖြန် အတွက်ပါ ကြက်ဥ ၆လုံးပြုတ်ပါတယ်.. ပြုတ်ပြီးတော့ သူ့သားကို ကြက်ဥပြုတ် ၁ လုံးကျွေးပါတယ်.. ဒါပေမယ့် မ၀သေးဘူး မ၀သေးဘူးဆိုပြီး ထပ်ထပ်တောင်းလာလိုက်တာ.. နောက်ဆုံး ကြက်ဥ ၅ လုံးမြောက်မှာ မသင်္ကာတော့ပါဘူး.. ဒါနဲ့ ဘုရားသောက်တော်ရေကိုယူပြီး သူလည်းသောက်မယ်.ကလေးကိုလည်း တိုက်မယ်လို့ စဉ်းစားမိပါတော့တယ်.. အဲလို စဉ်းစားမိပြီး ဘုရားသောက်တော်ရေ ယူဖို့အသွားမှာ.. ကလေးက အသံတွေ ဘာတွေပြောင်းပြီး..
" မသောက်နဲ့.. နင်လည်း မသောက်နဲ့.. ငါလည်းမသောက်ဘူး.." လို့ပြောပါတော့တယ်..
မမကလည်း ကလေးကိုပက်လက်လှန်ပြန်ချီပြီး သောက်တော်ရေ အတင်းတိုက်မလို့လုပ်နေတဲ့အချိန်မှာ အိမ်ရှေ့အိမ်က အဖိုးကြီးသမီးက အိပ်မရလို့ ဆိုပြီးရောက်လာပါတယ်.. အဲဒီအချိန်မှာ ကလေးက အတင်းဆင်း.. အိမ်ရှေ့အိမ်က ကောင်မလေးကိုကြည့်ပြီး ...
" သားနဲ့ သမီးကို ဖေဖေစိတ်မချဘူး.. ဖေဖေ အနားမှာစောင့်ရှောက်နေပါ့မယ်.. " ဆိုပြီး အဖိုးကြီးအသံနဲ့ ဖက်ဖက်ငိုနေတယ်..
ကောင်မလေးကလည်း အံ့သြနေတာပေါ့.. အဲဒီအချိန်မှာ မမက ကလေးတစ်ခုခုဖြစ်မှာစိုးလို့ ပရိတ်ရေကို အတင်းပါးစပ်ထဲလောင်းထည့်လိုက်မှပဲ.. ဟင်းးးး ဆိုပြီးတော့ လဲကျသွားတယ်..နောက်မှ သိရတာက ကလေးပြန်နိုးလာတော့ ကလေးက သူ့မေမေကို ဖက်ငိုပြီး ညနေက သူ့အဖေနဲ့ကစားနေတုန်း အိမ်ရှေ့အိမ်က ဖိုးဖိုးကြီးက သူ့ကို မျက်လုံးကြီးဖြဲပြပြီး ခြောက်တဲ့အကြောင်း.. နောက် သူ့အနားလာပြီးပျောက်သွားတဲ့အကြောင်းပြောပြတယ်.. အိမ်ရှေ့အိမ်ကလူတွေလည်း အဖြစ်အပျက်တွေမေးပြီး အားလုံးစိတ်မကောင်းဖြစ်ပြီး ငိုယိုကုန်ကြတယ်..
နောက်နေ့ ကလေးဆက်ပြီးတစ်ခုခုဖြစ်မှာစိုးလို့ မိဘတွေရှိတဲ့ မန္တလေးကို ပြန်လာခဲ့လိုက်ပါတော့တယ်..
ခဲအိုလည်း အဲဒီအချိန်ကစပြီး ရှေးလူကြီးတွေပြောတဲ့စကားကိုလစ်လှူရှုခဲ့မိတဲ့ သူ့အဖြစ်ကိုနောင်တရသွားပါတော့တယ်.. ဒါကြောင့် ကိုယ်မမြင်ရတဲ့အရာတွေနဲ့ပတ်သတ်ပြီး ကြုံဖူးပြီး နားလည်တဲ့ရှေးလူကြီးတွေစကားကို မပစ်ပယ်သင့်ကြောင့် ပြောကြားရင်း ဇာတ်လမ်းလေးကို အဆုံးသတ်လိုက်ရပါတယ်..

ဇာတ်လမ်းတိုပေမယ့် မှတ်သားစရာတစ်ခုတိုးတဲ့အတွက် ဇာတ်လမ်းပြောပြပေးသွားသော မ Ingyin Tinohn ကို အထူးကျေးဇူးတင်ပါတယ်..

ဝင်ရောက်ဖတ်ရှုအားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်.

မိခင်တစ်ယောက်အကြောင်းလေးနော်ဖတ်ဖြစ်အောင်ဖတ်ကြပါ

"မိခင် မေတ္တာ" စာပို့သမားလေးတစ်ယောက်ဟာ ဒီရပ်ကွက်ကိုပြောင်းလာပြီး စာပို့တဲ့ ပထမဆုံးနေ့အနေနဲ့ စက်ဘီးလေးနင်းပြီး တက်ကြွှစွာနဲ့ စာတွေပို့ပေးပါတယ်။ တနေကုန်ပို့ပြီးလို့ အိမ်နံပါတ် (၇၈) ရှေ့ကနေ စာပို့သမားလေးဖြတ်သွားတော့ တံခါးမကြီးပွင့်လာပြီး အိမ်ထဲက အဘွားအိုတစ်ယောက် ထွက်လာတယ်။ ပြီးတော့ စာပို့သမားလေးကို “အမေ့စာ မပါဘူးလားဟင်…” လို့ မျှော်လင့်တကြီးနဲ့ လှမ်းမေးလိုက်ပါတယ်။ စာပို့သမားလေးကလဲ ဒီနားတ၀ိုက်ကရှိတဲ့အိမ်တွေကို ပေးပို့တဲ့စာတွေကို အခုလေးတင်ဝေပြီးခဲ့ပြီမို့ အလုပ်သိမ်းပြီး အိမ်ပြန်ဖို့ပြင်ဆင်နေတာဆိုတော့ ဒီနေ့အတွက် အဘွားအိုရဲ့စာမပါတာ သေချာနေတာပေါ့။ ဒါပေမယ့် မျှော်လင့်တကြီးနဲ့ မေးလာတဲ့ အဘွားအိုကို ဂရုဏာသက်မိပြီး အဘွားအိုစိတ်ကျေနပ်အောင် နောက်နေ့မှာပို့ရမယ့် စာထုပ်ထဲကို အပြန်ပြန် အလှန်လှန် ရှာကြည့်လိုက်တယ်။ စာမရှိပါဘူး။ ဒါနဲ့ စာပို့သမားလေးက ကြင်နာစွာပြုံးပြပြီး “၀မ်းနည်းပါတယ်။ ဒီနေ့တော့ အမေ့ရဲ့စာ မပါသေးပါဘူး။” လို့ ပြန်ပြောလိုက်ပါတယ်။ အဘွားအိုက အလွန်စိတ်ပျက်အားငယ်သွားတဲ့ပုံစံဖြစ်သွားတယ်။ ပြီးတော့ တုန်ယင်နေတဲ့အသံနဲ့ “ဒီနေ့အမေ့မွေးနေ့ပါ။ နယူးဇီလန်မှာ ရှိတဲ့သားက အမေ့ရဲ့မွေးနေ့ရောက်တိုင်း လက်ဆောင်ပို့ပေးနေကျ။ ဒီနေ့ မွေးနေ့လက်ဆောင်ရောက်ရမှာ၊ ဘာဖြစ်လို့များ မပါပါလိမ့်။” လို့ပြောပြီး မျက်ဝန်းထဲက မျက်ရည်များပါစီးကျလာပါတော့တယ်။ သနားတတ်တဲ့စာပို့သမားလေးက အရမ်းစိတ်မကောင်းဖြစ်သွားပြီးတော့ အဘွားအိုကို “အမေရယ်…ဒီနေ့မပါလဲ နောက်နေ့ပါမှပေါ့။ ကျွန်တော် အမေ့ကို သေသေချာချာလာပို့ပေးပါမယ်နော်။” လို့နှစ်သိမ့်လိုက်တယ်။ အဘွားအိုကလည်း “အေးပါကွယ်။ ကျေးဇူးတင်ပါတယ်။” လို့ပြောပြီး အိမ်ထဲပြန်ဝင်သွားတယ်။ စာပို့သမားလေးက အပြန်လမ်းမှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ အဘွားအိုရဲ့အကြောင်းပဲ တွေးနေမိတော့တယ်။
နောက်တနေ့မှာ စာပို့သမားလေးက သူပို့ရမယ့်စာအထုပ်တွေထဲက အိမ်နံပါတ် (၇၈)ကို လိုက်ရှာတယ်။ မပါပြန်ပါဘူး။ ဒါနဲ့ အဘွားအိုကို ဘယ်လိုနှစ်သိမ့်ရမလဲလို့ စဉ်းစားလိုက်တယ်။ ရုတ်တရက် သူအကြံတစ်ခုရလာတယ်။ ချက်ချင်းပဲ ပို့စ်ကတ်တစ်ခုနဲ့ ပန်းစည်းတစ်စည်းကို သူဝယ်လိုက်တယ်။ ပြီးတော့ ပို့စ်ကတ်ပေါ်မှာ “မွေးနေ့မှာ ပျော်ရွှင်ပါစေ။” လို့ သူရေးလိုက်တယ်။ အဲဒီနောက် သွက်လက်တက်ကြွစွာနဲ့ပဲ သူစာပို့ဖို့ ထွက်လာခဲ့တယ်။ အိမ်နံပါတ် (၇၈) ရှေ့ရောက်တော့ လူခေါ်ခေါင်းလောင်းကိုဆွဲလိုက်ပြီး ပါးစပ်ကနေလည်း “အမေ စာပါတယ်ခင်ဗျ” လို့အော်ပြောနေတယ်။ သူအတန်ကြာအောင် အော်ခေါ်နေပေမယ့် အိမ်ထဲက ဘယ်သူတစ်ဦးတစ်ယောက်မျှ ထွက်မလာပဲ တိတ်ဆိတ်လို့ နေပါတယ်။ ဒါနဲ့သူက ပို့စ်ကတ်လေးကို စာထည့်တဲ့ပုံးထဲထည့်ပြီး ပန်းစည်းလေးကိုတော့ တံခါးရွက်ကြားမှာ ချိတ်နေတုန်း ဘေးအိမ်က အမျိုးသမီးကြီးတစ်ယောက်ထွက်လာပြီး၊ သူ့ကို “မောင်ရင်…ဒီအိမ်က လူမနေတာကြာပြီကွယ့်။ စာမှားထည့်နေပြီထင်တယ်။” လို့လှမ်းပြောလိုက်ပါတယ်။ သူကြောင်အမ်းအမ်းလေး ဖြစ်သွားပြီးမှ “နေပါတယ် အန်တီ။ မနေ့ကလေးတင် ဒီအိမ်ကအဘွားအိုတစ်ယောက် ထွက်လာပြီး ကျွန်တော့ကို သူ့စာမပါဘူးလား လို့မေးခဲ့သေးပါတယ်။” လို့ပြန်ပြောလိုက်ပါတယ်။ အမျိုးသမီးကြီးက “လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲဒီအိမ်မှာ အဘွားအိုတစ်ယောက်နေခဲ့တာ မှန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ နယူးဇီလန်မှာရှိတဲ့ သူ့ရဲ့သား မတော်တဆဖြစ်ပြီး ဆုံးသွားရှာတယ်။ အဲဒီသတင်းကို ကြားကြားချင်းမှာပဲ အဘွားအိုဟာ ရင်ကွဲနာကျပြီး ဆုံးသွားရှာလေရဲ့” လို့ပြန်ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ စာပို့သမားလေးဟာ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ အံ့သြခြင်း တို့ကို တပြိုင်နက်တည်း ခံစားလိုက်ရပါတယ်။

ကျွန်တော်နှင့်သရဲများ

****** ကျွန်တော်နှင့်သရဲများ...*******

ကျွန်တော့်အသက် ၂ နှစ်ခွဲကစလို့ ၅ နှစ်လောက်အထိ သရဲဆိုတဲ့အကောင်ကို ကြောက်စရာလို့ မထင်ခဲ့ပါ။ အကြောင်းရင်းကတော့ သရဲထက် ကျွန်တော်က ပိုကြောက်စရာကောင်းလို့ ထင်ပါသည်။ ကျောင်းစမတက်ခင် အထိ ဘော်ကြိုဆိုသည့် ရွာလေးမှာ ကျွန်တော်နေခဲ့သည်။ မွေးသမိခင် အမေနဲ့ပေါ့။ အမေ့လက်ထဲမှာ ကျွန်တော့်အတွက် အမြဲကိုင်ထားတာကတော့ ကိုက်တံ။ ထိုကိုက်တံနှင့် တဒေါင်ဒေါင် အခေါက်ခံခဲ့ရသည်။ ဘယ်လို ရိုက်ရိုက် ပုံမပျက်တာကတော့ ကျွန်တော်...။

ဘော်ကြိုမှာ ဒုဌ၀တီမြစ် (မြစ်ငယ်) မြစ်ရှိသည်။ လူအင်မတန်စားပါသည်။ အထူးသဖြင့် ဧည့်သည်များကို ပိုစားသည်။ တစ်နှစ်တစ်ခါ ကျင်းပသည့် တပေါင်းဘုရားပွဲတွင် လူစိမ်းတစ်ယောက် အနည်းဆုံးသေသည်။ မြစ်ေ၇မှာ အင်မတန်စိမ်းလှသည်။ စိမ်းသည့်အလျောက် ရေစီးအင်မတန်သန်သည်။ အောက်ကို ငုံ့ကြည့်လိုက်လျှင် ရေမှော်များကြားမှ မမြင်ရသည့် အနက်။ ဒီမြစ်ဟာ ကျွန်တော့်အတွက် ကစားစရာပဲ.. အဟားဟား.. ဘယ်သူကြောက်ကြောက်.. ဂျပန်မကြောက်...။ ဘာလို့လဲဆိုတော့ ဟိုးဘက်ကမ်းမှာ ကြံတွေ စိုက်သည်။ ကြံသကာဖိုတွေရှိသည်။ ဒီရွာမှာ ဘယ်သူလာစားစား ဘယ်သူမှ မဆူ။ အ၀ကျွေးသည်။ ထိုကြံများကို စားချင်သောကြောင့် အနိုင်ယူနေကျ အပေါင်းအသင်းများကို ခြိမ်းခြောက်.. လှေကို မလှော်တတ်လှော်တတ်လှော်.. ကမ်းကူးပြီး သွားနေကျ။ (ထိုကိစ္စကို အမေမသိခဲ့ပါ... ဟီး.. ထိုစဉ်က အပေါင်းသင်းများမှာလည်း ကလေးပင်ရနေပြီဟု ကြားသည်။)

တနေ့ညနေခင်းပေါ့..။ ဒီမြစ်မှာ ရေချိုးနေကျဆိုတော့ ကျွန်တော်တို့ ကလေးတသိုက် ဂွေးတန်းလန်းလေးတွေနဲ့ ဟိုပြေးဆော့ ဒီပြေးဆော့ပေါ့...။ ဆော့နေရင်း ဟိုးမြစ်လယ်မှာ မည်းမည်းကြီးတစ်ခု စီးလာတာကို တွေ့လိုက်မိသည်။ ဖောင်းဖောင်းကြီး။ သေချာကြည့်တော့ ထမီကြီးဖြစ်နေသည်။ ထမီက လေခိုပြီး ရေပေါ်မှာ ပူစီဖောင်းလို ဖြစ်နေသည်။ အလောင်းတစ်လောင်းလို့ သိလိုက်မိသည်။ အဲဒီအချိန်ပဲ လှေတစ်စီး ဒီဘက်ကမ်းကို လှေအလာ.. မြစ်လယ်မှာ ထိုအလောင်းနှင့် တိုက်မိကြသည်။ ရုတ်တရက်.. ထိုအလောင်းမှ နွားအော်သံကဲ့သို့သော အသံတစ်ခုထွက်လာသည်။ ဒေါသတကြီး တုံ့ပြန်လိုက်သောအသံ..။ ထိုလှေကို အမြန်လှော်လာရန် ၀ိုင်းအော်ပြောကြသည်။ ထိုညမှာပဲ ထိုအလောင်းကို ဆယ်ယူလိုက်ကြသည်။ ဆေးစစ်ချက်အရ ထိုအလောင်းသည် ရေနစ်သေသည်မဟုတ်။ လူသတ်မှုတစ်ခုမှ အလောင်းတစ်လောင်းမျောလာခြင်းပင်ဖြစ်သည်။ ထိုသရဲကို အသက် ၃ နှစ်လောက်မှာ ကြုံဖူးလိုက်သော်လည်း ကျွန်တော့်မှာတော့ မပြောင်းလဲသော အကြောင်းတရား...။ မြစ်ထဲမှာ ဆော့မြဲ... ပြေးမြဲ.. ကြံသွားစားမြဲ.....။

တခုတော့ရှိသည်။ သရဲဆိုတာကို မကြောက်ပေမယ့် ဇီးကွက်ကိုတော့ အင်မတန်ကြောက်ပါသည်။ အဲဒီရွာ ကျွန်တော့်အိမ်ဘေးမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်းလေးရှိသည်။ ညဆို ဇီးကွက်များခိုကာ အော်တတ်သည်။ ထိုအသံကြားလို့ကတော့ လူကြီးတစ်ယောက်ယောက်ပေါင်ပေါ်ကို အမြန်ဆုံး သွားထိုင်တတ်ပါသည်။ ဤမျှ အထိသည်ကား ဘာမထီသည့် အာဇာနည် ဂျပန်ကောင်လေး ဘ၀ပင်ဖြစ်ပေတော့သည်။

ဒီလိုနှင့် အသက်လည်း ၅ နှစ်ပြည့်လာ။ မြို့မှာနေပြီး ကျောင်းတက်ရပြီ။ တကယ်တမ်းတော့ ကျွန်တော် စာကျက်မပျင်းပါဘူး။ ဒါပေမယ့် ဘာလို့လဲမသိ.. တအိမ်လုံး ပထမရအောင်ချည်း လုပ်ခိုင်းနေသည်။ ည ထမင်းစားပြီးတာနဲ့ ပုံမှန်စာကြည့်စားပွဲမှာ စာကျက်တာပဲ..။ တခါတခါ မောတော့ နားမှာပေါ့..။ ဒါကို အဖေက မရဘူး..။ သူ့သားငယ်အသံတိတ်တာနဲ့ ထခြောက်တော့သည်။ လူပုလေးဆိုသည့် တစ္ဆေနှင့်။

ကျွန်တော့်အိမ်မှာ ငါးမွေးကန်သုံးကန်ရှိသည်။ ထိုငါးကန်ဟိုးဘက်အစပ်မှာ မှန်ကူပင်(တခြားဒေသမှ လူများ သိမည်မထင်ပါ)အုပ်အုပ်ဆိုင်းဆိုင်းကြီးရှိသည်။ အဖေဖြီးထားတာကတော့ အဲဒီတောထဲမှာ လူပုလေးနေတယ်တဲ့..။ သူက စာရင်းစာအုပ်လေးကိုင်ပြီးတော့ စာမကျက်တဲ့ ကလေးတွေကို လိုက်မှတ်သတဲ့..။ စာတကယ်မလုပ်ရင် ဂုတ်ချိုးပစ်မတဲ့ဗျား...။ ခြောက်လှန့်ထားတာကတော့ အပီပဲ...။ ကျွန်တော်ကလည်း လူပုလေးမပြောနဲ့ အဲဒီ အပင်အုပ်အုပ်ဆိုင်းဆိုင်းကို နည်းနည်းမှောင်လာရင် မကြည့်ရဲတော့ဘူး..။ ငယ်ငယ်က သတ္တိတွေ ဘယ်ရောက်ကုန်ပါလိမ့်..။ (ဒီနည်းက ကျွန်တော့်ကို စာကျက်ချင်လာအောင် နှိုးဆွနိုင်ခဲ့ပေမယ့် ကြောက်စိတ်တွေကို မသိမသာထည့်ပေးခဲ့တယ်ဆိုတာ အဖေမသိခဲ့ဘူး.. ထိုအချိန်ကစလို့ ကျွန်တော့်သတ္တိတွေ လျော့ပါးလာခဲ့သည်)။

နောက် ကျွန်တော်နဲ့ ရင်းနှီးသော သရဲတစ်ကောင်ရှိသေးသည်။ သူကအမြဲတမ်း ကျွန်တော့် အိမ်မက်ထဲကို လာသည်။ သူ့ကိုတော့ ကျွန်တော်တကယ်ကြောက်ပါသည်။ အိပ်မက်ထဲမှာ ကျွန်တော်က အိပ်နေသည်။ ကုတင်အစွန်းကို ကျောခိုင်းပြီး နံရံဖက်လှည့်ကာ အိပ်နေသည်။ အိပ်နေရင်း အိပ်နေရင်း နောက်ကျောမှာ တစုံတရောက်ရှိသလိုလို ခံစားလာမိသည်။ ဘယ်လိုမှ မနေနိုင်သည့်အဆုံး လှည့်ကြည့်မိတော့.. နောက်မှ ရပ်နေသည့် ကြောင်မျက်နှာနှင့် သရဲ...။ ဒီအိပ်မက်ကို မှတ်မှတ်ရရ ၅ ခါလောက် မက်ခဲ့ဖူးသည်။ မက်တိုင်းလည်း အသည်းအသန် ထငိုဖူုးသည်။ တခါမက်ပြီးလျှင် အဖေနှင့် အမေကြားဝင်အိပ်မှ နွေးထွေးစွာ အိပ်ပျော်ခဲ့ရသည်။ သူသည် ကျွန်တော့်ဘ၀မှာ အရက်စက်ဆုံး သရဲတစ်ကောင်ဖြစ်ခဲ့သည်။

နောက်အဖြစ်အပျက်ကတော့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းဆုံးသောနေ့ကပင်ဖြစ်သည်။ (ဒီအကြောင်းကို ဘလော့ခ်တစ်ပုဒ်အဖြစ် ရေးပြီးခဲ့ပြီ)။ ထိုည... သူငယ်ချင်း အသုဘက အပြန်။ မီးဖွင့်လျက်ပင် အိပ်နေမိသည်။ ခြင်ထောင်ဖြူလွလွကို ငေးရင်းနဲ့ ၀မ်းနည်းမိသည်။ သူ့ကို ထိုးခဲ့ဖူးသည့်အတွက် သူပြန်လာလက်စားချေမလားလို့ ကြောက်နေမိသည်။ သူငယ်ချင်းကို မကျွတ်လွတ်ဘူးလို့ မဆိုလိုချင်ပါ။ ဒါပေမယ့် ကျွန်တော့် သင်္ချိုင်းကုန်းကို သွားခဲ့သည်။ တစုံတခုများ ကပ်ပါလာမလားလို့လည်း တွေးနေမိသည်။ နေရင်းထိုင်ရင် အနံ့တခုခုကို ရလိုက်မိသည်။ အတော်ခံရခက်သည့် အနံ့။ ဘာအနံ့လို့ပင် အခုတိုင်ဝေခွဲလို့မရ..။ အမေတို့ကို ခေါ်ပြသည်။ အိမ်ခန်းအနံ့ လိုက်ရှာသည်။ မတွေ့..။ အိမ်အပြင်ကလာသလားလို့ လိုက်ကြည့်တော့လည်း အပြင်မှာ ဘာအနံ့မှ မရခဲ့...။ အဲဒီည အမေပရိတ်ရွတ်သံကြားမှာ အိပ်ပျော်အောင်ကြိုးစားခဲ့ဖူးသည်။

နောက်အဖြစ်ကတော့ ကျွန်တော်မကြောက်သော သရဲခြောက်ခြင်းမည်ပါသည်။ သရဲပေါသော စင်္ကပူတွင်ပါ။ သူငယ်ချင်းတစ်ယောက်ဆီ လိုက်အိပ်သောည..။ သူတို့အိမ်သည် လူငယ်များချည်းနေသည့်အတွက် လွတ်လပ်သည်။ ဘယ်သူလာလာ အားလုံး အဆင်ပြေသည်။ သူငယ်ချင်းအခန်းမှာ ၂ ယောက်နေသည်။ အခန်းဖော်က အပေါ်မှာ အိပ်သည်။ သူငယ်ချင်းက အောက်မှ အိပ်သည်။ နှစ်ထပ်ကုတင်ပေါ့ဗျာ...။ တညမှာတော့ ၁၁ ခွဲလောက် ကျွန်တော်ကုတင်အောက်ထပ်မှာ အိပ်ဖို့ ပြင်နေမိသည်။ ဒီကောင်တွေက တညလုံး ဒိုတာခုတ်နေတတ်တာကြောင့်.. မစောင့်ချင်တော့..။ အဲဒါနဲ့ အခန်းတံခါးကိုပိတ်ပြီး တစ်ယောက်တည်း အိပ်နေမိသည်။ ရုတ်တရက် တစုံတရာ ကုတင်ပေါ်တက်သွားတာ သိလိုက်သည်။ (နှစ်ထပ်ကုတင်အပေါ်သို့ လူတက်လျှင် ကုတင်တစ်ခုလုံး ခါသွားလေ့ရှိသည် ) ဒါမထူးဆန်း..။ သူငယ်ချင်းအခန်းဖော်က ဒိုတာတပွဲနားရင် ကုတင်ပေါ်တက်ပြီး ပုတီးလာစိပ်တတ်သည်။ ပြီးရင် ဆက်ဆော့သည်။ သူပဲထင်ပြီး ကျွန်တော်ဆက်အိပ်သည်။ သူပုတီးစိပ်တုန်း ငါအပေါ့သွားဦးမယ်လို့ နှလုံးပြုပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ကုတင်အပေါ်ထပ်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိ...။ တံခါးကို ဖွင့်ထွက်လိုက်တော့ ထိုအခန်းဖော်က အပြင်းအထန် ဒိုတာခုတ်နေသည်။ ဒီတခါကတော့ ဘယ်လိုမှ မလွဲသော သရဲခြောက်ခြင်းလို့ တပ်အပ်သိလိုက်မိသည်။ ထူးဆန်းစွာပင် ထိုအိမ်မှ သရဲများကို ကျွန်တော်မကြောက်ခဲ့ပါ။ အပြောအဆိုအရ သားအမိနှစ်ယောက်ဟု ဆိုသည်။ ညဘက် ဆက်တီတွေမှာ ထိုင်နေတတ်သည်ဟုလည်း ဆိုသည်။

ဟောင်းလောင်းဖုတ်သရဲ

******ဟောင်းလောင်း ဖုတ်သရဲ ...*******

တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။

“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ”
“မင်းကလည်း အမေက အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာမဟုတ်ဘူးကွ၊ မင်းအမေ ပုံစံက မရိုးဘူးလို့ ကြားရလို့ မင်းကို သတိပေးချင်တာ”
“ဘာမရိုးတာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်းအမေ ဖုတ်ဝင်နေတာလို့ ကြားတယ်”
“ငါ့အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
“အေး… ရွာထဲက လူတွေကတော့ အဲဒီအတိုင်း ပြောနေကြတာပဲ၊ မင်းကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ဘာမှသိတာမဟုတ်ဘူး မဟုတ်လား၊ မင်းအိမ်က ကလေးတွေတောင်မှ မင်းအိမ်မှာ မရှိရင် မင်းအမေနား မကပ်ဘူးတဲ့ကွ”

x x x x x x x x x x

ကိုလူကြီး၏ အမေဖြစ်သူ ဒေါ်စိန်ထွား တရှောင်ရှောင် ဖြစ်နေခဲ့သည်မှာ ခြောက်လခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ယင်းသို့ ဒေါ်စိန်ထွား တစ်ယောက် တရှောင်ရှောင် (နေမကောင်းသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။) ဖြစ်နေသော်လည်း အစား စားသည့်အခါတွင်မူ ကြောက်ခမန်းလိလိ စားသောက်တတ်ပါသည်။ နေမကောင်းသော အဘွားအို တစ်ယောက် စားသည့် အစာမှာ ကြောင်စာလောက်သာ ရှိသင့်သော်လည်း ယခုမူ ထိုသို့မဟုတ်ဘဲ ယောက်က်ျားကြီး နှစ်ယောက်စားလောက်ကိုပင် ကုန်အောင် စားသောက်နိုင်ခြင်းသည် စင်စင် မရိုးဟု ဆိုနိုင်သည် မဟုတ်ပါလော။

တစ်ခါက ကိုလူကြီးမှာ အမဲသား ချက်ရာတွင် အမဲသားဟင်းအိုးအား မီးဖိုပေါ်တင်၍ ခတ္တေခဏ အိမ်အောက် ဆင်းသွားခဲ့သည်။ ဟင်းအိုး နူးလောက်သည့် အချိန်တွင် ကိုလူကြီး အမဲသားဟင်းအိုး သွားကြည့်သောအခါ ဟင်းအိုးမှာ တက်တက် ပြောင်စင်နေပြီ ဖြစ်သည်။ ထိုစဉ်က ကိုလူကြီးမှာ ခွေးများ တက်၍ မွှေသွား၊ စားသွားသည်ဟု ထင်မှတ်ခဲ့လေသည်။ ကိုလူကြီးမှာ ၎င်း၏ အမေ အပေါ်တွင် အထင်မှားခြင်း မရှိခဲ့ပါချေ။

အထက်တွင် ကျွန်ုပ် ဖော်ပြခဲ့ပြီး သကဲ့သို့ ကိုလူကြီး၏ အပေါင်းအသင်းများနှင့် ပတ်ဝန်းကျင်က ပြောဖန်များလာသောအခါတွင် ကိုလူကြီးမှာ စတင် စမ်းသပ်ပါတော့သည်။ တစ်နေ့တွင် ကိုလူကြီးမှာ ထမင်းဇလုံ အကြီးကြီးဖြင့် ထမင်းအပြည့်ထည့်၍ ၎င်း၏ အမေအား ကိုယ်တိုင်ကိုယ်ကျ ကျွေးခဲ့လေသည်။ ထိုအခါ ဒေါ်စိန်ထွားမှာ အဘွားအို တစ်ယောက်နှင့်မျှ မလိုက်အောင် အဆိုပါ ထမင်းဇလုံအား ကုန်စင်အောင် စားသောက်သည့်အပြင် ဇလုံတွင် ကပ်နေသည့် ထမင်းကျန်၊ ဟင်းကျန်များကို လျှာဖြင့်ပင် လျှက်လိုက်သေး၏။ ဤသည်ကိုကြည့်၍ ကိုလူကြီးမှာ ၎င်း၏အမေ ဖုတ်ဝင်နေပြီဖြစ်ကြောင်း သိလိုက်လေသည်။ ထိုအချိန်မှစ၍ ၎င်း၏အမေအား ဝင်ပူး၍ စားသောက်နေသော ဖုတ်ကောင်အား ကိုလူကြီးမှာ ဓားကျိန်း ကျိန်းထားလေတော့သည်။

ကိုလူကြီး၏အိမ်တွင် ကိုလူကြီး၏ ဇနီး ဆုံးသွားပြီးကတည်းက လူကြီးဆို၍ ကိုလူကြီး တစ်ယောက်သာ ရှိလေသည်။ ကိုလူကြီး၏ ကလေး ၃ ယောက်မှာလည်း အသက် ၁၀ နှစ်ဝန်းကျင်ခန့်သာ ရှိလေသည်။ ဒေါ်စိန်ထွားအား ဝင်ပူးကပ်စားနေသူ ဖုတ်ကောင်သရဲမှာ အဆိုပါ ကလေး ၃ ယောက်အား ဒုက္ခ မပေး၍သာ တော်ရော့သည်ဟု ဆိုရတော့မည်။

ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင်သရဲမှာ ကိုလူကြီး အိမ်တွင် ရှိခိုက်တွင် ကိုလူကြီးအား ကြောက်၍ ငြိမ်နေတတ်သော်လည်း ကိုလူကြီး အိမ်တွင် မရှိသည့် အချိန်တွင်မူ အိပ်ယာထက်မှ ထ၍ မွှေပါတော့သည်။ ဒေါ်စိန်ထွား အိပ်ယာထက်မှ ထသည်နှင့် အိမ်ရှိ ကလေးများမှာ အိမ်ပေါ်တွင် မနေတော့ဘဲ အိမ်အောက်သို့ ဆင်းကြပါတော့သည်။ ထိုအခါ ကလေးများအား ဒေါ်စိန်ထွားက “မြေးလေးတို့ရေ … ဘွားဘွားနား လာကြပါဦး” ဟူ၍ လှမ်းခေါ်တတ်၏။ ကလေးများက အိမ်အောက်မှနေ၍ ဒေါ်စိန်ထွားအား “ဘွားဘွားက ဘွားဘွားမှ မဟုတ်ဘဲနဲ့၊ မလာဘူး” ဟူ၍ ပြန်အော်ပြောတတ်လေသည်။ ယင်းသို့ ကလေးများက ပြန်အော်သည့်အခါ ဒေါ်စိန်ထွားက “မြေးလေးတို့ကလည်း ဟင်း … ဟင်း … ဟင်း” ဟူ၍ လှောင်ရီသံဖြင့် ပြန်ပြောတတ်လေ၏။

ကိုလူကြီးမှာ ၎င်း၏ အမေတွင် ဖုတ်ဝင်နေကြောင်း ကိုယ်တိုင် သိရှိပြီးသည့် နောက်ပိုင်းတွင် အဆိုပါ ဖုတ်ကောင်သရဲအား မောင်းထုတ်ရန် မည်သို့ ပြုလုပ်ရမည်ကို ကြံရပါတော့၏။ ကိုလူကြီး၏ အပေါင်းအသင်းများက ရွာဦးကျောင်း ဆရာတော်ထံ အကျိုးအကြောင်း သွားရောက် လျှောက်ထားရန် ကိုလူကြီးအား တိုက်တွန်းကြသည့် အားလျော်စွာ ကိုလူကြီးတစ်ယောက် ရွာဦးကျောင်း ဆရာတော်ထံသို့ ရောက်ရှိလာခဲ့ပါတော့သည်။

x x x x x x x x x x

“ဟဲ့ … ထူးထူးဆန်းဆန်း မောင်လူကြီးက ဘယ်ကနေ ကျောင်းထဲ လှည့်လာတာတုန်းကွယ့်”
“ဒီလိုပါ ဘုရား … တပည့်တော် အမေ ဖုတ်ဝင်နေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာတော်ထံ လာရောက်လျှောက်ထားတာပါ ဘုရား”
“စိန်ထွားကို ဖုတ်ဝင်ပူးနေလို့ … ဟုတ်လား”
“မှန်ပါ … တစ်နေ့က တပည့်တော် အမေ့ကို ဇလုံထဲ ထမင်းတွေ အများကြီးထည့်ပြီး ကျွေးကြည့်တာ ကုန်တယ်ဘုရား၊ လျှာနဲ့တောင် လျှက်လိုက်သေးတယ် ဘုရား … ”
“အိမ်း … တော်တော်ငတ်ပြတ်နေတဲ့ ဖုတ်ကောင်ပါလား …။ မင်းအိမ်က အစားအသောက်တွေ များနေလို့သာ တော်ရော့တယ်။ နို့မဟုတ်ရင် မင်းကလေးတွေတောင် စားပစ်နိုင်လောက်တယ် မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော်ကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ကလေးတွေအတွက် စိုးရိမ်ရပါတယ် ဘုရား”
“အောင်မာ … မင်းက အခုမှ လာစိုးရိမ်နေရသလား … မောင်လူကြီးရဲ့ …”
“အရင်က သူများတွေပြောတာ တပည့်တော် မယုံခဲ့ပါဘူး ဘုရား၊ အခုမှ ကိုယ်တိုင် သိတော့မှ စိုးရိမ်မိတာပါ ဘုရား”
“အေးကွာ … ဘာပဲဖြစ်ဖြစ်ပါကွယ်၊ မနက်ဖြန် မနက်ကျရင် ငါ လာခဲ့မယ်၊ အိမ်ကစောင့်နေ ကြားလား မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော် ပြန်ပါဦးမယ် ဘုရား”

x x x x x x x x x x

နောက်တစ်နေ့ မိုးသောက် မနက်ခင်း ရောက်သောအခါတွင် ရွာဦးကျောင်း ဆရာတော်မှာ ဦးဇင်းတစ်ပါးနှင့်အတူ ကိုလူကြီး၏ အိမ်သို့ ကြွလာခဲ့ပါသည်။ ဆရာတော် အိမ်ပေါ်သို့ ရောက်သောအခါ ဒေါ်စိန်ထွားမှာ မျက်ထောင့်နီကြီးဖြင့် ဆရာတော်အား စူးစူးကြည့်၍ “ဟေ့ … ဘယ်က ကတုံးက ငါ့အိမ်ပေါ် ရောက်လာတာတုံး၊ သွား … အခုချက်ချင်း ဆင်းသွား” ဟူ၍ အော်ဟစ် ပြောဆိုပါတော့သည်။ ထိုအခါ ကိုလူကြီးမှာ အိမ်ထရံတွင် ထိုးထားသော ဓားအား ဆွဲယူလိုက်ပြီး “ခွေးမသား ဖုတ်ကောင် …၊ ဓားနဲ့ ပိုင်းလိုက်လို့ အမျိုးပါ ပြုတ်သွားမယ်၊ ငြိမ်ငြိမ်နေစမ်း” ဟူ၍ ပြောဆိုလိုက်လေသည်။

“နေပါစေ မောင်လူကြီးရယ် …။ အဲဒီကောင်ကို ဓားဆွဲစရာ မလိုပါဘူး၊ ထားလိုက်စမ်းပါ” ဟု ဆရာတော်က မိန့်ကြားလိုက်သည့် အခါတွင် ကိုလူကြီးမှာ ပြန်၍ ငြိမ်နေလိုက်ရသည်။ ကိုလူကြီး ငြိမ်သွားသည်နှင့် ဖုတ်ကောင် ဝင်ပူးနေသော ဒေါ်စိန်ထွားမှာ အိမ်ယာထက်က ဆင်းရုံတင်မက ဆရာတော် ရှေ့တွင်ပါ မတ်တပ်ရပ်ပြီး ခါးထောက်လျက် “ဒီကတုံးက ဘာမို့တုန်း၊ သေသွားချင်လို့လား … ဟင်း … ဟင်း .. ဟင်း၊ အခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်း” ဟူ၍ ရွာဦးကျောင်း ဆရာတော်အား ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်ပါတော့သည်။ ထိုအခါ ဆရာတော်မှာ မိမိရှေ့တွင် ရောက်နေသော ဖုတ်ကောင် ဒေါ်စိန်ထွားအား အနီးတွင် ရှိသော ရေခွက်ဖြင့် ဖြန်းခနဲ ပက်လိုက်လေ၏။

“အမလေး … ပူတယ် … ပူတယ် … အား ” ဟု မည်တမ်းကာ ဖုတ်ကောင် ဒေါ်စိန်ထွား မှာ မတ်တပ်ရပ်နေရာမှ ကြမ်းပြင်ပေါ် လှိမ့်နေရပါတော့သည်။ ဆရာတော်က အနီးမှ ဦးဇင်းအား အသင့်ပါလာသော ပရိတ်ကြိုးဖြင့် ချည်ထားရန် စေခိုင်းလေသည်။ ပရိတ်ကြိုး ချည်ပြီးသောအခါ ဖုတ်ကောင်မှာ “ကြောက်ပါပြီ ၊ အမလေး … အမလေး .. ပူတယ် .. ပူတယ် .. ကြောက်ပါပြီ ဘုရား ” ဟူ၍ အော်ဟစ်နေပါတော့သည်။ ထိုအခါ ဆရာတော်မှ ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင် သရဲအား …

“ ဟေ့ နင်က ကျူးကျူးကျော်ကျော် ရွာထဲလာပြီး ပူးကပ် စားသောက်နေတာပေါ့ ဟုတ်လား … ။ ”
“ ငတ်လွန်းလို့ ပူးကပ် စားမိတာပါ … ခွင့်လွတ်ပါ၊ ခွင့်လွတ်ပါ … ”
“အေး … ဒီတစ်ခါတော့ ခွင့်လွတ်လိုက်မယ် … နောက်တစ်ခါ ဆိုရင်တော့ ခွင့်လွတ်မှာ မဟုတ်ဘူး ကြားလား ..”
“ဟုတ်ပါပြီ … ဟုတ်ပါပြီ … လွတ်ပါတော့ … လွတ်ပါတော့ … နောက်တစ်ခါ မလုပ်တော့ပါဘူး ..”
“အေး … အေး … နင်တို့ ဘဝနဲ့ ငါတို့ ဘဝက ခြားနေတယ် … ကြားလား … နောက်တစ်ခါ အဲဒီလို မှီခိုမစားနဲ့ … ဦးဇင်းလေး ပရိတ်ကြိုး ဖြည်ပေးလိုက်ပါတော့ ..”

ပရိတ်ကြိုး ဖြည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါ်စိန်ထွားမှာ လွန်စွာ ရွံရှာ၊ စပ်ဆုပ်ဖွယ် ကောင်းသော အလောင်းကောင် အဖြစ်သို့ ရုပ်ချည်း ပြောင်းလဲ သွားလေတော့သည်။ ဤနေရာတွင် ရွာဦးကျောင်း ဆရာတော်၏ အကြောင်းကို ကျွန်ုပ် ရေးသားခဲ့သော “သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း” ပို့စ်တွင် အနည်းငယ် ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။

ယင်းနေ့ ယင်းအချိန်တွင်ပင် ကိုလူကြီးမှာ ၎င်း၏မိခင် အလောင်းကို ရွာအပြင် သချိုင်းတွင် သွားရောက်မြှုပ်နှံခဲ့ပြီး နောက်တစ်နေ့ တွင်မူ ရွာဦးကျောင်း ဆရာတော်နှင့်တကွ သံဃာ (၅) ပါးအား ဆွမ်းကပ်ကာ မိခင် ဒေါ်စိန်ထွားအတွက် အမျှအတမ်း ပေးဝေခဲ့ပါတော့သတည်း …… ။

အထက်ပါ အဖြစ်အပျက်မှာ လွန်ခဲ့သော နှစ် (၂၀) ကျော်ခန့်က စာရေးသူ၏ ဇာတိရပ်ရွာတွင် ဖြစ်ပျက်ခဲ့သော တကယ့် အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါကြောင်း ….. ။

စက်ရုံထဲကသရဲများ

စက်ရုံက သရဲများ (၁)

အခု ကျွန်တော်ရေးမယ့်အကြောင်းအရာလေးကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ အမှန်တကယ်ဖြစ်ပွားခဲ့ ဖြစ်ပျက်ခဲ့တာတွေပါ.. အဲဒီစက်ရုံမှာအလုပ်လုပ်ပြီး မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ရတဲ့ လူတွေရဲ့ ၀ိညာဉ်တွေ၊ စက်ရုံပိုင်ရှင်သူဌေးက မွေးထားတဲ့ သရဲတွေ၊ စက်ရုံတွင်းမှာ ရန်ဖြစ်ပြီး ဆုံးသွားတဲ့လူတွေက မကျွတ်လွတ်သေးတာတွေ အများကြီးပါ.. အဲဒါကြောင့် တစ်ခုချင်းကိုသေချာဖတ်ရအောင် အပိုင်းခွဲပြီး ရေးပေးမယ်လို့ စဉ်းစားထားပါတယ်..

(၁) လူတွေကို မကြာခဏ ၀င်ရောက်ပူးကပ်တတ်သော သရဲ

စက်ရုံမှာ ခုတလော ဟိုလူ့ကိုသရဲဝင်ပူးပြန်ပြီ.. ဒီလူကို သရဲဝင်ပူးပြန်ပြီ.. ခဏခဏဖြစ်လွန်းလို့ ကြောက်ပြီး စက်ရုံပြောင်းသွားသူတွေလည်း မနည်းပါဘူး.. အဲဒီသတင်းကြားတော့ ကျွန်တော်လည်း စိတ်ဝင်စားတဲ့လူပီပီ စက်ရုံမှာလည်း အစ်မ၀မ်းကွဲတွေ ညီဝမ်းကွဲတွေ ရှိနေတာကလည်း တစ်ကြောင်း နောက် စက်ရုံလုံခြုံရေးနဲ့လည်း ခင်နေတာကြောင့် အဲဒီစက်ရုံမှာ တစ်ည သွားအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.
ဒီလိုနဲ့ ကျွန်တော်ရောက်တဲ့ညမှာ ဘယ်သူ့ကိုမှ ၀င်မပူးသေးတာကြောင့် ပျင်းပြီး ညီအစ်ကိုတွေ ဂစ်တာတီးနေတုန်း ကျွန်တော်တို့ ဂစ်တာဝိုင်းထဲမှာ ထိုင်ပြီး သီချင်းဆိုနေတဲ့ အသိသူငယ်ချင်းတစ်ယောက်က အပေါ့သွားအုန်းမယ် ဆိုပြီးထွက်သွားပါတယ်.. ဒါပေမယ့် တအောင့်လောက်လည်းကြာရော.. လည်ပင်းကြီးစောင်း ခြေထောက်တစ်ဖက် ဒရွတ်ဆွဲပြီး ပြန်ရောက်လာပါတော့တယ်.. ပထမတော့ ကျွန်တော်တို့အားလုံးက ဒီကောင်စနေတယ်လို့ပဲထင်ခဲ့ကြတာပါ.. ဒါပေမယ့် အသံသြသြကြီးနဲ့
" ငါ ဘုရားဖူးချင်တယ်.. ငါ့ကိုလိုက်ပို့... " လို့ပြောပါတယ်.. ကျွန်တော်ကလည်း ဒီကောင် ဘာကြောင်တာလဲပေါ့.. အဲဒီမှာ အတွေ့အကြုံရှိတဲ့ အစ်ကိုတစ်ယောက်ကထပြီး
" မင်း ဘယ်သူလဲ.. " လို့ထမေးပါတယ်.. အဲဒီမှာ ဒီကောင်က
" ငါ ဇော်သိန်းပဲ.. " လို့ပြန်ဖြေပါတယ်.. အမှန်တကယ်တော့ အခုသရဲဝင်စီးခံထားရတဲ့ကောင်က ဒီစက်ရုံကိုရောက်တာသိပ်မကြာသေးဘူး.. နောက်ပြီး သူ့နာမည်က မျိုးမြင့်ထွန်း ပါ.. ဇော်သိန်း ဆိုတဲ့နာမည် သူသိတောင် မသိပါဘူး..
အဲဒါနဲ့ အဲဒီအစ်ကိုက
" မင်းလာပြန်ပြီလား.. မင်း ဘာလိုချင်လို့လဲ.. " လို့မေးပါတော့တယ်..
အဲဒီအခါ ၀င်ပူးခံထားရတဲ့ကောင်က " ငါ ဒီတစ်ခါလာတာ နောက်ဆုံးပဲ.. ငါကျွတ်ချိန်တန်သွားပြီ.. အခု ငါ ဘုရားဖူးချင်တယ်.. နောက်မှာ ငါလို ကျွတ်မယ့် ငါ့သူငယ်ချင်းတွေလည်း ပါသေးတယ်.. " ဆိုပြီး နောက်ကို လက်ညိုးထိုးပြပါတယ်..
ကျွန်တော်တို့လည်း မကြောက်တတ်ပေမယ့် ကြက်သီးထသွားပါတယ်... နောက်တော့ ကျွန်တော်တို့အားလုံးတိုင်ပင်ပြီး အနားက ဘုန်းကြီးကျောင်းမှရှိတဲ့ ဘုရားကိုခေါ်သွားပါတယ်.. သွားတာက ကျွန်တော်တို့အဖွဲ့မှာ အပူးခံရတဲ့လူရယ် ကျွန်တော်ရယ်.. အစ်ကိုတစ်ယောက်ရယ်.. သူငယ်ချင်းတစ်ယောက်ရယ် စုစုပေါင်း ၄ ယောက်သွားကြတာပါ.. လေးယောက်တန်းစီသွားကြပေမယ့် ကျွန်တော်တို့နောက်က ခြေသံတစ်အုပ်ကြီးပါလာတာကို ကြားရပါတယ်.. ကျွန်တော်တို့လည်း အချင်းချင်းလက်တွေတွဲထားကြပေမယ့် လက်ဖျားတွေ အေးစက်နေတာပေါ့ဗျာ.. ဘုန်းကြီးကျောင်းပေါက်ရောက်တော့ ဘုန်းကြီးကျောင်းတံခါးပိတ်သွားပါပြီ.. အဲဒါနဲ့
" ကဲ.. မင်းတို့အပြင်ကနေပဲ ဘုရားဖူးပြီးပြန်ကြတော့.. နောက်လည်း အဲလိုဝင်ဝင်မပူးနဲ့တော့.. " ဆိုပြီး ဖူးခိုင်းလိုက်ပါတယ်.. ဘုရားကို လက်အုပ်ချီဦးချပြီးတာနဲ့ ၀င်ပူးခံရတဲ့သူငယ်ချင်း လဲကျသွားပါတော့တယ်.. နောက် ကျွန်တော်တို့ သူကိုဝိုင်းပွေ့တော့မှ တစ်ယောက်ချင်းစီကိုကြည့်ပြီး ဘာဖြစ်လို့ ဒီနေရာကိုရောက်နေသလဲလို့ မေးပါတော့တယ်.. အဲဒါနဲ့ ကြောက်မှာစိုးလို့ အဖြစ်မှန်တွေမပြောဘဲ စက်ရုံကိုပြန်ခေါ်လာပါတယ်.. ဒါပေမယ့် နောက်က ခြေသံတချို့ကတော့ ပျောက်မသွားသေးပါဘူး.. ကျွန်တော့်စိတ်ထင် စောစောကသရဲတွေထဲက မကျွတ်သေးတဲ့တချို့ ကျွန်တော်တို့နောက် ပြန်လိုက်လာတဲ့ပုံပါပဲ.. ကျွန်တော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပါဘူး.. အချိန်ကြည့်တော့လည်း ညနက်နေပါပြီ.. လမ်းဘေးကဆိုင်တွေ အိမ်တွေလည်း ပိတ်နေပါပြီ.. သီချင်းအော်ဆိုမယ်ဆိုရင်လည်း တခြားနိုင်ငံမှာဆိုတော့ အဆင်မပြေပါဘူး.. ပြေးမယ်ဆိုရင်လည်း လမ်းဘေးခွေးတွေမှ နည်းတာမဟုတ်ဘူး.. တော်ကြာ သရဲလိုက်လို့ မသေဘဲ ခွေးကိုက်လို့သေနေအုန်းမယ်လို့တွေးပြိး ဒီအတိုင်း လေးယောက်သားကပ်ပြီး ခြေလှမ်းကျဲကျဲလှမ်းပြီး မပြေးရုံတမယ် သွားကြရပါတယ်.. လမ်းမှာတွေ့တဲ့ခွေးတိုင်း အူလိုက်တာဗျာ.. ခွေးဆိုတဲ့သတ္တ၀ါကလည်း တစ်ကောင် အူရင် ရှိရှိသမျှခွေးတွေ အကုန် အူပါတော့တယ်.. ဟောင်တာမဟုတ်ပါဘူး.. ၀ိုင်းအူကြတာပါ... ကျွန်တော်တို့မှာ ခွေးကိုက်မှာကြောက်ရတာကတစ်မျိုး.. ဘယ်သရဲက ဘယ်အချိန်ခြောက်မလဲဆိုတာ စဉ်းစားပြီးကြောက်ရတာက တစ်မျိုး.. တော်တော်ဒုက္ခများတဲ့အချိန်ပါပဲဗျာ..နောက်ဆုံး စက်ရုံနားရောက်မှ မထူးဘူးကွာ ပြေးမယ်လို့ တစ်ယောက်က ပြောလိုက်တာနဲ့ တန်းနေအောင် ပြေးကြတော့တာပါပဲ... စက်ရုံထဲရောက်တဲ့အချိန်တောင် နဂိုထိုင်နေကြနေရာမှာ မထိုင်ဖြစ်တော့ပါဘူး.. တစ်ခါတည်း အဆောင်ထဲတန်းဝင်တော့ စောင့်နေတဲ့လူအုပ်ကြီးနဲ့တွေ့ပြီး ဘုရားသောက်တော်ရေကို စွန့်ပြီးတိုက်တဲ့လူကတိုက် .. ဘုရားစာအုပ်လှန်ပြီး ရွတ်တဲ့လူက ရွတ်.. ပုတီးကို လည်ပင်းဆွဲပေးတဲ့လူကဆွဲပေးကြပါတယ်.. ကျွန်တော်ကိုလည်း သောက်တော်ရေတွေတိုက်ပြီး လည်ပင်းမှာလည်း ပုတီးတစ်ကုံး ဘယ်သူလာဆွဲပေးမှန်းမသိပါဘူး.. ကျွန်တော်တို့ပြန်လာပြီဆိုတာ လမ်းထိပ်နားမရောက်ခင် တောက်လျှောက်ခွေးတွေအူနေကတည်းက စက်ရုံကလူတွေက စိတ်ပူနေကြတယ်လို့ပြောပါတယ်.. အဲဒီနောက် အပူးခံရတဲ့လူကိုလည်း ဘယ်လိုအပူးခံရလဲ ဆိုတာ ၀ိုင်းမေးကြပါတယ်.. သူပြောပြတာကတော့ သူအိမ်သာအသွား အိမ်သာရှေ့မှာ လည်ပင်းစောင်းစောင်းလူတစ်ယောက်တွေ့တာနဲ့ ဘယ်သူလဲလို့ အကြည့်မှာ မျက်နှာတစ်ခြမ်းလုံးသွေးတွေနဲ့တွေ့ရတဲ့အခါ သူလည်း လန့်ပြီးအော်မယ် အလုပ်မှာ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိတော့ပါဘူး.. တဲ့.. နောက် သူ ဘုန်းကြီးကျောင်းအပေါက်ဝမှာလဲနေမှ ပြန်အသိဝင်လာတာပါ.. တဲ့.. ကျွန်တော်လည်း အဲဒီဖြစ်ရပ်ကို စိတ်ဝင်စားလို့ နောက်ကြောင်းရာဇ၀င်စုံစမ်းတဲ့အခါ.. အခုသရဲဖြစ်နေတဲ့သူဟာ အရင်လူ့ဘ၀တုန်းက ဒီစက်ရုံမှာ နှစ်တော်တော်ကြာကြာ လုပ်ခဲ့တဲ့အလုပ်သမားဟောင်းတစ်ဦး ဖြစ်ကြောင်း.. အရက်ကိုလည်း ခွက်ပုန်းကစ်တတ်ကြောင်း.. တစ်နေ့ နေတဲ့တန်းလျားမိုးယိုနေတာကို အရက်သောက်ပြီး တက်ဖာရင်းနဲ့ အမိုးပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့အကြောင်း.. ပြုတ်ကျတဲ့နေရာမှာပဲ ခြေကျိုးလက်ကျိုး ဇတ်ကျိုးသေဆုံးခဲ့ကြောင်း.. သူသေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ အဲဒီအမိုးပေါ်မှာ သေဆုံးခဲ့တဲ့ ၀တ်စုံနဲ့ မကြာခဏမြင်ရကြောင်း.. အမိုးပေါ်မှ တဒုန်းဒုန်း အသံများဖြင့် ဖြတ်ပြေးပြီးခြောက်လှန့်ခြင်း.. အမိုးပေါ်မှ တွေ့တဲ့လူများကို လက်ယက်ခေါ်ခြင်း အနံ့ပေးခြင်း အစရှိတဲ့ ခြောက်လှန့်ခြင်းများပြုလုပ်တတ်ကြောင်းနဲ့ နောက်အဲလိုတွေမခြောက်လှန့်တော့ဘဲ လိပ်ပြာငယ်သောသူများကို ပူးကပ်ခြင်းအားဖြင့် စားစရာများ နေစရာများတောင်းခံတတ်ကြောင်း.. အမျှဝေသော်လည်း မကျွတ်ဘဲ ခုမှ ကျွတ်သွားကြောင်း သိရပါတယ်.. အဲဒီဖြစ်ရပ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီစက်ရုံမှာ ၀င်ပူးတဲ့ဇာတ် တစ်ခန်းရပ်သွားပါတော့တယ် ခင်ဗျာ....

အဲဒီစက်ရုံမှသရဲများအကြောင်း ဆက်လက်ဖော်ပြဖို့ရှိနေပါသေးတယ်.. ဒါပေမယ့် ဒီသရဲကတော့ ဒီမှာပဲ ဇာတ်လမ်းဆုံးသွားပါပြီ.. နောက်တစ်ပိုင်းကျတော့ နောက်တစ်ကောင်ပေါ့နော်.. စက်ရုံနာမည်ကို ကာယကံရှင်များရဲ့သဘောဆန္ဒအရ ထည့်သွင်းဖော်ပြမထားတာကိုတော့ ခွင့်လွတ်နားလည်ပေးစေလိုပါတယ်...

အားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်..
စာဖတ်ပရိသတ်များကို အထူးလေးစားလျက်..

သရဲခြောက်သောအိမ်ကြီး

သရဲခြောက်သော အိမ်ကြီး
သူ အပါအ၀င် လူ ၁၆ဦးတို့ ကားမှတ်တိုင်တွင် လိုင်းကားစောင့်နေခိုက်
အဖိုးအို ပေါလ် သည် လိုက်နာရမည့် စည်းကမ်းများကို ရှင်းပြပါသည်။
ထိုသရဲခြောက်သည်ဟု နာမည်ကြီးနေသော အိမ်ကြီးတွင် ဓါတ်ပုံ၊ ဗွီဒီယို
ရိုက်ခွင့် မပြုပါ၊ အဘယ်ကြောင့်ဆိုသော လက်ရှိအိမ်ရှင်သည် သူ့အိမ်
အား ပြန်လည်ရောင်းချရန် အိမ်ရောင်းဝယ်ရေး ကုမဏ္ဍီထံတွင် ကြေညာ
ထားသောကြောင့် ဖြစ်ပါသည်။ အဖိုးအို ပေါလ် ဦးဆောင်သည့် ကျနော်တို့
ဘော်လန်တီယာ အဖွဲ့သည် အိမ်ရှင်နှင့်တကွ သံသယ၀င်နေသူအပေါင်း
တို့၏ သံသယကို ချေဖျက်ပေးနိုင်ရန်အလိုငှါ အဖြေတစ်ခုအား ရလို၊ ရငြား
တစ်ညတာ အိပ်စက်လေ့လာပေးရန် ဖြစ်ပါသည်။

သရဲခြောက်သည်ဟု နာမည်ထွက်နေသည့် အိမ်ကြီးသည် ကျနော်တို့နေထိုင်
ရာ Hillerød ဒေသနဲ့ ၇ ကီလိုမီတာခန့်သာ ဝေးသော မြို့နှစ်မြို့ကြား ဒေသ
တစ်ခုတွင် ဖြစ်ပါသည်။ Ny Hammersholt ဟု ခေါ်သော အဆိုပါ ဒေသသည်
၁၈ ရာစုက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်တွင် လက်ရောက် အလုပ်
လုပ်ကိုင်ကြသော ဆွီဒင်လူမျိုးများ အများဆုံးနေရာဒေသ ဖြစ်သဖြင့်
Little Sweden ဟု ဒိန်းမတ်လူမျိုးများက ခေါ်ဝေါ်ကြပါသည်။

ကျနော်တို့အဖွဲ့သည် လိုင်းကားအမှတ် ၃၀၁ အား ဟီးလာရို့( Hillerød) ဘူတာ
အထိ စီးခဲ့ကြပြီး ဘူတာအနီးရှိ လိုင်းကားမျိုးစုံ စုရပ်မှတဆင့် လိုင်းကားအမှတ် ၃၃၅
အား ပြောင်းလဲစီးရပါသည်။ ထိုမှတဖန် ဆယ်မိနစ်ခန့် လိုင်းကား စီးပြီးသောအခါ
ကျနော်တို့ တစ်ညတာ လေ့လာရမည့် သရဲခြောက်သည်ဟု သတင်းထွက်နေ
သော အိမ်ကြီးထံ ရောက်ခဲ့ကြပါသည်။ ယခင်က ကျနော်တို့ ဘော်လန်တီယား
အဖွဲ့သည် ဆယ်ဦးပင် မပြည့်ပါ၊ ထို့နောက် ဆယ်ဦး ကျော်လာပါသည်၊ ယခုအခါ
အဖွဲ့ဝင် သုံးဆယ်ကျော် ရှိလာသောကြောင့် ကျနော်တို့အုပ်စုသည် ကျနော်တို့
ဒေသ၏ စုဝေးခန်းမကို ဌားရသည့်အထိ တိုးတက်လာပါသည်။ အဖွဲ့ဝင်အများစု
သည် ပင်စင်စား အဖိုးအိုများဖြစ်ကြပြီး အကြောင်းတစုံတရာကြောင့် လုပ်ငန်းခွင်မှ
ပင်စင်လစာဖြင့် အနားယူနေကြသူများ ဖြစ်ပါသည်။ ကျနော်သိသလောက် ကျနော်
နဲ့ တခြား အဖွဲ့ဝင် ခြောက်ဦးခန့်သာ အလုပ်လစာဖြင့် ရပ်တည်နေသော အလုပ်
သမားများ ဖြစ်ကြပါသည်။

ထိုအိမ်ကြီးဆီသို့ ချီတက်လာကြသည့် ကျနော်တို့အားလုံးလိုလို ကိုယ်ပိုင်ကားများ
ရှိသူများ ဖြစ်ပါသည်။ သို့သော် ကျနော်တို့ ၁၆ ဦး မောင်းနှင်းလာကြမည့် ကားမျိုးစုံ
အတွက် ယာဉ် ရပ်နားစရာ နေရာအလုံအလောက်မရှိပါ။ ထို့ကြောင့် အထုပ်အပိုးမျိုးစုံ၊
စားစရာ သောက်စရာ မျိုးစုံကို သယ်ဆောင်လာသော လူ ၁၆ ဦးတို့သည် လိုင်းကား
ဖြင့် သွားရောက်ရချင်းဖြစ်ပါသည်။ ထို ၁၆ ဦးထဲတွင် ကျနော်နဲ့ မျက်နှာချင်း ရင်းနှီး
နေသူမှာ ဆယ်ဦးခန့်သာ ရှိပါသည်။ ကျန် မျက်နှာစိမ်းများကို ကျနော် မသိပါ။ အဖိုးအို
ပေါလ် မိတ်ဆက်ပေးမှ ထိုသူများသည် အဖွဲ့ဝင်သစ်များ ဖြစ်သည်ဟု သိရပါသည်။
ကျနော်တို့ ရပ်ကွက်ထဲတွင် ကားလမ်း၏ တဖက်အခြမ်းတွင် “မ”ဂဏန်း ကိုယ်စားပြု
အိမ်နံပါတ်များ ချိတ်ဆွဲထားပြီး ဟိုတဖက်အခြမ်းတွင် “စုံ” ဂဏန်း ကိုယ်စားပြု အိမ်နံပါတ်
များ ချိတ်ဆွဲထားပါသည်။ ထိုအဖွဲ့ဝင်သစ်များသည် ကျနော်တို့နဲ့ ကားလမ်းခြားသော
အခြားတဖက်တွင် နေထိုင်ကြသူများဟု သိရပါသည်။

ယခင်က ကျနော်တို့ လေ့လာစူးစမ်းရေးအဖွဲ့တွင် ကျနော်သည် အသက် အငယ်ဆုံး
ဖြစ်နေပါသည်။ ယခုအခါ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၊ အသက် သုံးဆယ်
ကျော်ကာစ လူငယ်နှစ်ဦးတို့အား တွေ့လိုက်ရမှ ကျနော့်ထက် ငယ်သော သူများ
အဖွဲ့ထဲ၌ ရှိလာပါလားဟု သတိပြုမိပါသည်။ “ဆိုးရွှန်း” ဆိုသည့် အသက်ခြောက်ဆယ်
ကျော်ကာစ အမျိုးသားကြီးသည် သူ့သား နီကိုလိုင်နဲ့ ကျနော့်အား မိတ်ဆက်ပေးပါ
သည်။ တက္ကသိုလ်ကျောင်းနေတက်သော သူ့သားသည် သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်
များကို လက်ခံချင်ပုံ မရပါ။ စူးစမ်းချင်ရုံ သက်သက်ဖြင့် သူ့ဖခင်နှင့်အတူ လိုက်လာ
သည်ဟု သိရပါသည်။ နီကိုလိုင်၊ စတေးဖန် ဆိုသည့် လူငယ်နှစ်ဦးသည် ကျနော်နှင့်
အတူ ၀ိုင်ပုလင်း၊ အရက်ပုလင်း၊ ဘီယာကဒ်များအား ကားမှတ်တိုင်မှ အိမ်ကြီးဆီသို့
သယ်လာခဲ့ကြပါသည်။

သရဲခြောက်သော အိမ်ကြီးသည် နှစ်ထပ်အိမ်ဖြစ်ပါသည်။ သရဲခြောက်သည်ဟု
နာမည်ထွက်လာသော အခန်းမှာ အပေါ်ထပ် ဘယ်ဖက်အခန်းဖြစ်ပါသည်။ ထိုအခန်း
တွင် လွန်ခဲ့သော ခြောက်လခန့်က အိမ်ဌား မိသားစု တစ်စု နေထိုင် ပြောင်းရွှေ့သွား
ကြောင်း သိရပါသည်။ ထို့နောက်တွင် ထိုအခန်း၌ မည်သူမျှ မနေကြပါ။
အပေါ်ထပ် ညာဖက်အခန်းနှင့် အောက်ထပ် နှစ်ဖက်စလုံးတို့တွင် အိမ်ဌားများ
ရှိသည်ဟု ကျနော်တို့ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် က ပြောပြထားပါသည်။
အိမ်ရှင်သည် ထိုအိမ်နှင့် ၁၀ ကီလိုမီတာခန့် ဝေးသော ဘီးရာကယ်ရို့(Birkerød)
မြို့တွင် နေထိုင်ကြောင်း သိရပါသည်။ ကျနော်တို့ အုပ်စု စားစရာသောက်စရာများ
ကို သယ်ဆောင်၍ အပေါ်ထပ် တက်ရန် လှေကားထိပ်သို့ ရောက်သည့်တိုင် ထိုအိမ်
အနီးအနား ပတ်ဝန်းကျင်တွင် မည်သည့် လူအရိပ်လူအယောင်မျှ မတွေ့ရသေးပါ။
အခန်းသော့ ယူလာသော အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်နှင့် လူကြီးတချို့ ရှေ့မှ
တက်သွားကြပါသည်။ ဘီယာကဒ်များ၊ ၀ိုင်ပုလင်းများ၊ အရက်ပုလင်းများ
သယ်လာကြသော ကျနော်တို့သည် လှေကားအောက်ခြေတွင် ခေတ္တ နားနေ
ကြပါသည်။ အိမ်အပေါ်ထပ်မှ သော့ဖွင့်သံ၊ စကားပြောသံများ၊ အပြန်အလှန်
နှုတ်ဆက်သံများကို ကြားနေရပါသည်။ ထို့နောက် ထို့အိမ်၏ ညာဖက်အခန်း
မှ အိမ်ဌားများ ဖြစ်ပုံရသော ကလေးငယ်တစ်ဦးနှင့် အသက် ခပ်ကြီးကြီး အမျိုးသား
ကြီးတစ်ဦးတို့သည် ကျနော်တို့အားလုံးအား ပြုံးပြနှုတ်ဆက်ပြီး အိမ်အပြင်ဖက်
သို့ ထွက်သွားကြပါသည်။ ကလေးငယ်၏ လက်ထဲတွင် ကစားစရာ ဘောလုံးလေး
တစ်လုံးအား ကိုင်ဆောင်ထားသည်ကို ကျနော် တွေ့လိုက်ရပါသည်။

သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်များ ခြောက်လှန့်သည်ဟု နာမည်ထွက်နေသော ထိုအခန်း
သည် ၁၀၀ မီတာ ပတ်လည်လောက် ကျယ်ဝန်းပါသည်။ မိသားစု အိပ်ခန်း တစ်ခန်း၊
အိပ်ခန်းငယ် နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုးချောင်၊ အိမ်ရှေ့ ၀ရံတာ အားလုံးလိုလို သပ်သပ်
ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိနေပါသည်။ ဧည့်ခန်းထဲတွင် ဖုန်မတက်အောင် ဖုံးအုပ်ထား
သော အ၀တ်များကို ဖယ်ရှား၊ ပြတင်းပေါက်များ ဖွင့်လိုက်သောအခါ ကျနော်တို့လူအုပ်
ဖြင့် ထိုအိမ်သည် ရယ်သံမောသံများအကြား စည်းကားနေသလိုလို ဖြစ်နေပါသည်။
မီးဖိုချောင်အခန်းမှ ရေခဲသေတ္တာရော၊ ကော်ဖီဖျော်စက်တို့ပါ အသစ်နီးပါးမျှ အသုံးပြုနိုင်
ဆဲ ပုံစံမျိုး ရှိနေကြပါသည်။ ကျနော်တို့ အုပ်စု ထိုအိမ်သို့ ရောက်ရှိနေချိန်မှာ ည
၇ နာရီကျော်ကျော်သာ ရှိပါသေးသည်။ နွေရာသီဖြစ်သောကြောင့် ဥရောပမြောက်ပိုင်း
နိုင်ငံများတွင် ည ၁၀ နာရီ ကျော်သည့်အထိ ကောင်းကင်၏ လင်းထိန်မှုအား ရရှိနေ
ပါသည်။ ထို့ကြောင့် ည ၇ နာရီသည် ညနေခင်း ပုံစံမျှသာ ဖြစ်နေပါသည်။

ဧည့်ခန်းထဲတွင် ကျနော်တို့ အားလုံး ၀ိုင်းဖွဲ့ ထိုင်နေကြပါသည်။ ကော်ဖီသောက်သူ
ရှိသကဲ့သို့ အချို့လည်း ဘီယာ၊ ၀ိုင်၊ အရက် သောက်ဖို့ ဟန်ပြင်နေကြပါသည်။
အဖိုးအို ဟန်နရီက ကျနော်တို့အားလုံး ကြုံခဲ့ဖူးသည် သရဲတစ္ဆေ ထိတ်လန့်ဖွယ်
အကြောင်းများကို အလှည့်ကျ ပြောပြရန် တောင်းဆိုလိုက်ပါသည်။ စတင်ပြောဆိုသူ
မှ ကျနော့်နံဘေးမှ အဖိုးအိုတစ်ဦးဖြစ်ပါသည်။ သူ့နာမည်ကို ကျနော် မှတ် မထားမိပါ။
သူ့တွင် မြေးတစ်ဦးရှိပါသည်။ သူ့သမီးနှင့် သူ့သမက်တို့သည် လွန်ခဲ့သော ၂၅ နှစ်ခန့်
က အာရှဒေသ အင်္ဂလန် ကိုလိုနီဟောင်း ဟောင်ကောင်ကျွန်းသို့ အလည်သွားစဉ်
ဗီယက်နမ် လှေစီး ဒုက္ခသည် ကလေးငယ်တစ်ဦးအား မွေးစားခဲ့ကြပါသည်။ ထို
ကလေးငယ်သည် ယခုအခါ အသက်အားဖြင့် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး
ဖြစ်နေပါသည်။ ထိုအမျိုးသမီး၏ မိဘ အရင်းအခြာ ရှာပုံတော်တွင် သရဲဝင်စီးနေ
သော ဆေးဂုံမြို့မှာ အဖွားအိုတစ်ဦးအကြောင်း ပြောပြပါသည်။

“ကျုပ့်မြေးမလေး ပါလာတဲ့ အဲဒီ ဗီယက်နမ်လှေကို ပင်လယ်ပြင်မှာ တခြားလှေတွေ
က တွေ့တော့ တစ်လှေလုံး လူတွေ တုန်းလုံးပလက် မေ့မျှောနေကြတယ်၊ သေတဲ့
သူလည်း သေနေကြတာ၊ အဲဒါဗျာ ထူးထူးဆန်းဆန်း သေဆုံးနေတဲ့ လင်မယားပုံစံ
စုံတွဲနှစ်တွဲအလယ်မှာ အဲဒီ ကလေးမလေးကို တွေ့တယ်၊ ဘယ်အတွဲက သူ့မိဘ
လည်းဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ကြဘူး၊ ဒီလိုနဲ့ ကျုပ့်သမီးက
ဒီကလေးကို မွေးစားလာတာ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ့်မြေးမလေးက
ပူဇာလို့ သူ့မိဘအရင်းတွေ သို့မဟုတ် ဆွေမျိုးတွေများ တွေ့လိုတွေ့ငြား
ဗီယက်နမ်ကို ကျုပ်တို့ ရောက်ခဲ့ကြတယ်၊ အဲဒီ ဆေးဂုံမြို့မှာ ကွယ်လွန်သူတွေ
ရဲ့ ၀ိညာဉ်တွေ ၀င်ရောက်ပူးကပ်နိုင်တဲ့ မိန်းမကြီး တစ်ယောက်ကို သွားတွေ့
တယ်၊ ဒါနဲ့ ကျုပ်တို့ မေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က
သူ့အမေရဲ့ ၀ိညာဉ်ပူးကပ်ပြီး ပြောပြတယ်ဗျ၊ အဲလို ပြောပြတဲ့ တောမြို့လေးကို
ရောက်တော့ သူ့အဖွားအရင်းနဲ့ တွေ့ရတယ်၊ သူ ငယ်ငယ်က သူ့မိဘနှစ်ပါး
နဲ့ တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတောင် ရလာတယ်၊ ကျုပ့်သမီး သူ့ကို မွေးစားစဉ်
က ရိုက်ထားတဲ့ ဓါတ်ပုံထဲက ပုံစံအတိုင်းပဲ၊ သူ့မိဘနှစ်ပါးကလည်း သူ့ကို တွေ့
ခဲ့ရတဲ့ ဒုက္ခသည်တွေ ပါလာတဲ့ လှေထဲကလို သူ့နံဘေးမှာ သေဆုံးနေတဲ့ ရုပ်
အလောင်းတွေနဲ့ အတူတူပဲ၊ ဒီ ၀ိညာဉ်ဝင်ပူးနေတဲ့ မိန်းမကြီးဟာ ဒီလို အဖြစ်အပျက်
ပေါင်းများစွာကြားမှ ဘယ်သူမှန်း မသိ၊ ဘယ်ဝါမှန်း မသိတဲ့ ကျုပ့်မြေးကို အဲလို
ပြောပြနိုင်တာကိုး ကျုပ်ဖြင့် စဉ်းစားလို့တောင် မရဘူး ဗျာ .... ”

ဒုတိယမြောက် ပြောပြသူ ဒန်းနီရယ်ကတော့ သူတို့ အိမ်နံဘေးက ကွယ်လွန်
သွားသော အဖိုးအိုးတစ်ဦး၏ ညဖက် ညည်းတွားသံကို ပြောပြပါသည်။ တံခါးဖွင့်သံ၊
ပြန်ပိတ်သံ၊ ချောင်းဆိုးသံ၊ တစ်ယောက်တည်း စကားပြောနေသံများ ကြားရလေ့
ရှိကြောင်း ပြောပြပါသည်။ တခါတရံ လေး၊ ငါး၊ ခြောက်လအထိ မည်သည့်အသံမျှ
မကြားရပဲ ရှိတတ်သည်။ နောင်တဖန် အဲလို မကြာခဏ ပြန်ကြားရသည်ဟု သူက
ပြောပြပါသည်။

တတိယမြောက် ပြောပြသူမှာ အဖိုးအို ပီတာ ဖြစ်ပါသည်။ အဖိုးအို ပီတာသည်
ချီလီနိုင်ငံ စစ်အာဏာရှင်ဟောင်း ပီနိုရှေးအား ဆန့်ကျင်သော ချီလီ လူ့အခွင့်
အရေးအဖွဲ့တစ်ခုတွင် ကူညီပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် ချီလီနိုင်ငံ၏
ကျေးလက်ဒေသတစ်ခုတွင် အင်မတန်ထူးဆန်းသော နာမ်ဝိညာဉ်များ လိုက်ပါ
သော အဝေးပြေး လိုင်းကားကြီးတစ်စီးပေါ်တွင် တစ်နေ့ကုန် စီးနှင်းဖူးကြောင်း
ပြောပြပါသည်။ ခရီးသည်တင်ကားကြီးကို ထို ကျေးလက်ဒေသတွင် လူအများအပြား
ကြုံဖူးကြောင်း သူက ပြောပြပါသည်။ ထိုအဝေးပြေး ကားကြီးသည် လွန်ခဲ့သော
နှစ်ပေါင်းများစွာ လမ်းတစ်နေရာတွင် တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ အားလုံး
ကွယ်လွန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ထိုနောက်တွင် ထို သရဲတစ္ဆေ္တများ
လိုက်ပါလာသော ထိုခရီးသည်တင်ကားသည် ထိုဒေသတွင် မကြာခဏ လှည့်လည်
သွားလာနေသူကို လူတချို့ တွေ့ဖူးကြုံဖူးကြသည်ဟု သူက ပြောပြသည်။ တနေ့
တွင် သူနဲ့ သူ့မိတ်ဆွေ ချီလီ အမျိုးသားတစ်ဦးတို့သည် ကျေးရွာလေးတစ်ခုမှ
မြို့ပေါ်သို့ သွားရောက်ရန် ကားစောင့်နေခိုက် ထိုကားပေါ်သို့ ရောက်ရှိခဲ့ကြသည်
ဟု ပီတာက ပြောပြပါသည်။ အစပထမတွင် သူတို့နှစ်ဦးစလုံး သတိ မထားမိပါ။
သူတို့နံဘေးတွင် ခပ်ချောချော အမျိုးသမီးများအား မိတ်ဖွဲ့ဖြစ်ခဲ့သည်ဟု သူက
ပြောပြပါသည်။ ထိုနောက် သူတို့နှစ်ဦးစလုံး ကားပေါ်တွင် အိပ်ချင်သလိုလို ဖြစ်
လာကြပါသည်။ အိပ်ပျော်သွားပြီး နိုးလာသောအခါ သူတို့နှစ်ဦးစလုံး ကားလမ်း
နံဘေးရှိ စိုက်ခင်းတစ်ခုထဲတွင် အိမ်ပျော်နေကြောင်း သိလိုက်ရပါသည်။

အဖိုးအို ပီတာ၏ စကားအဆုံးတွင် အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်က ...
“ပီတာ၊ မင်းတို့နှစ်ယောက် အဲဒီကားပေါ်က အမျိုးသမီးတွေကို သွားငေးမိလို့
ကားပေါ်ကနေ တွန်းချလိုက်တာ မဟုတ်လား ....” ဟု နောက်ပြောင်လိုက်ပါသည်။

ရယ်သံများ ဖုံးလွှမ်းနေသော ကျနော်တို့ အားလုံးသည် စကားဝိုင်းကို ခေတ္တနားပြီး
ညစား စားဖို့အတွက် ပါလာသည့် အစားအစာများကို ခင်ကျင်း ပြင်ဆင်ကြပါသည်။
ကျနော်တို့ ညစား စားနေခိုက် အောက်ထပ် အပြင်ဖက်မှာ အသံတစ်သံကို ဆက်တိုက်
ကြားနေရပါသည်။ ထိုအသံမှာ လူစီး ဒန်းတစ်ခု၏ သံကြိုးများ ပွတ်တိုက်သံမျိုး ဖြစ်ပါ
သည်။ အဖိုးအို ပေါလ်သည် ပြတင်းမှ နေ၍ အိမ်အပြင်ဖက်မှာ တစုံတယောက်နဲ့
စကားပြောနေပါသည်။ ကျနော်တို့ အားလုံးသည် စားလိုက်သောက်လိုက်ဖြင့် တ၀ါးဝါး
တဟားဟား ဖြစ်နေကြပါသည်။ ပေါလ်သည် ကျနော်တို့ စကားဝိုင်းထဲတွင် ၀င်ထိုင်ရင်း ...
“အောက်ထပ်က ဒန်းမှ ထိုင်နေတဲ့ ရဲလ်ပယ် က အခုပဲ ပြောပြလိုက်တယ်။ ဒီအိမ်မှာ
ဘာ သရဲတစ္ဆေမှ မရှိပါဘူးတဲ့၊ လူတွေ အထင်မှားနေကြတာ တဲ့။ အေးလေ၊ သူ
ပြောသလို ဘာမှ မရှိရင်တော့ ငါတို့တတွေ ဒီတည စကားတွေ စုပြောရင်း ဖြတ်သန်း
ကြတာပေါ့ ....”

ထို့နောက် ကျနော်တို့အားလုံး စကားဝိုင်းကို ဆက်ကြပါသည်။ စတုတ္ထမြောက်
သရဲတစ္ဆေ အတွေ့အကြုံ ပြောပြသူမှာ အဖိုးအို ဖရက်ဒစ် ဖြစ်ပါသည်။ သူသည်
လွန်ခဲ့သော ၁၀ နှစ်ခန့်က ကိုပင်ဟေဂင်မြို့တော်အလယ်က အစိုးရ ရုံးဌာနတစ်ခု
တွင် အဆင့်မြင့် ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါသည်။
တနေ့၌ သူသည် ရုံးသို့ စောစောစီးစီး သွားမိပါသည်။ ဓါတ်လှေကား ခလုတ်ကို
နှိပ်လိုက်သောအခါ ဓါတ်လှေကားထဲတွင် လူ ငါးဦးခန့်ကို တွေ့ရပါသည်။ ထိုသူ
များသည် ညှိုးနွမ်းနေသော မျက်နှာပုံစံများဖြင့် သူ့အား ကြည့်နေသည်ကို သူ
သတိထားမိပါသည်။ သူ့ဌာနရှိရာ အထပ်သို့ ရောက်ရှိချိန်တွင် သူ့နံဘေးမှ
လူငါးဦးစလုံး ပျောက်ချင်းမလှ ပျောက်သွားပါသည်။ ထိုအဖြစ်အပျက်ကို စုံစမ်း
ကြည့်ခဲ့ရာ ထိုပုဂ္ဂိုလ်ငါးဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုရုံးဌာနတွင်
တာဝန်ထမ်းဆောင်ဖူးသော ကွယ်လွန်သူများဖြစ်ကြောင်း သိရပါသည်။

ပဉ္စမမြောက် ပြောပြသူမှာ “ဆိုးရွှန်း” ဖြစ်ပါသည်။ သူပြောပြသည် ဇာတ်လမ်းမှာ
သူ့ အခင်ဆုံး သူငယ်ချင်း၏ ကြေကွဲဖွယ်ရာ အချစ် သရဲဇာတ်လမ်းဖြစ်ပါသည်။
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြတတ်သော သူ့စကားသံများကို နားထောင်ရင်း ကျနော်တို့အားလုံး
ဘီယာဗူးများကို ဖွင့်ဖောက်ပြီး သောက်နေခဲ့ကြသည်။ ရုတ်တရက် အပြင်ဖက်တွင်
မိုးရွာလာသည်ကို သတိထားမိပါသည်။ ပြတင်းများကို ပိတ်ပြီး ပါလာသော ဟင်းလျှာ
အမြည်းများကို အဖော်ပြုရင်း ဆိုးရွှန်း ပြောပြသော သရဲတစ္ဆေ ဘ၀အထိ အချစ်ကြီး
ချစ်ကြသော လက်တင်အမေရိကားသူ အမျိုးသမီးနှင့် ဥရောပသားတို့၏ ဖြစ်စဉ်ကို
နားထောင်နေမိသည်။

ဆဋ္ဌမမြောက် သရဲတစ္ဆေ အတွေ့အကြုံကို ပြောပြရန် အလှည့်ကျသူမှာ “ဆိုးရွှန်း”
သားဖြစ်သူ တက္ကသိုလ်ကျောင်းသား နီကိုလိုင်၏ အလှည့်ဖြစ်သည်။ နီကိုလိုင်သည်
သရဲတစ္ဆေ အတွေ့အကြုံ လုံးဝ မရှိသူဖြစ်ပြီး သူ ပြောပြသော အကြောင်းအရာမှာ
လူတိုင်းတွင် ရှိတတ်သော ကြောက်စိတ်၏ ဆန်းကျယ်ပုံကို ပြောပြခြင်း ဖြစ်ပါသည်။
အားငယ်စိတ်နှင့် သိမ်ငယ်စိတ်တို့ ဖြစ်ပေါ်နေသော လူတစ်ဦး သို့မဟုတ် အမြဲလိုလို
စိတ်ပင်ပန်းစရာများ ပြည့်နှက်နေသော ၀န်းကျင်တစ်ခုတွင် လူ့စိတ်သည် ထင်ရောင်
ထင်မှားများကို ဟုတ်သလိုလို ရှိသလိုလို မြင်မိတတ်ကြောင်း ပြောပြပါသည်။

သတ္တမမြောက် အတွေ့အကြုံပြောပြသူမှာ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် ဖြစ်
ပါသည်။ ပေါလ်သည် သတင်းဌာနတွင် သရဲတစ္ဆေ ၀ိညာဉ်များနှင့် ပက်သက်သော
သတင်းသမားအဖြစ် နှစ်ပေါင်းများစွာ ရိုက်ကူးလာသူ ဖြစ်သောကြောင့် သူပြောပြ
သော အကြောင်းအရာသည် ထူးခြားဆန်းကြယ်စွာဖြင့် နားထောင်လို့ အင်မတန်
ကောင်းသော ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါသည်။ သရဲတစ္ဆေအကြောင်း ပေါလ်
ပြောပြနေခိုက် အခန်းတံခါးကို တစုံတခု ခပ်ပြင်းပြင်း လာရောက်ထိမှန်သံကို
ကျနော်တို့ အားလုံး ကြားလိုက်ရပါသည်။ ထို့ကြောင့် အခန်းတံခါးကို ဖွင့်လိုက်
သောအခါ ရှေ့ဆုံးမှာ ဦးဆောင် တံခါးဖွင့်လိုက်သူ လူငယ်လေး နီကိုလိုင်ဆီမှာ
တစုံတခုအတွက် အံသြသွားသံကို ကြားလိုက်ရပါသည် ....

တံခါးဝင်ပေါက်၏ အပြင်ဖက်တွင် မည်သူမျှ မရှိပါ။ ခုနက ၀င်ပေါက်တံခါးကို
လာရောက်ထိမှန်သည့် တစုံတခုကို သရဲတစ္ဆေများအား လုံးဝ အယုံအကြည်မရှိ
သော နီကိုလိုင်က လှေကားတလျှောက်တွင် လိုက်လံ ရှာဖွေနေပါသည်။ သို့သော်
နီကိုလိုင် အပါအ၀င် ကျနော်အားလုံး မည်သည့်အရာကိုမျှ မတွေ့ရပါ။ အဖိုးအို
ဆိုးရွှန်းကတော့ ကျနော်တို့ရောက်နေသည့်အခန်းနံဘေးရှိ ညာဖက်အခန်းတွင်
နေထိုင်သူများက ကျနော်တို့ အုပ်စုအား ကျီစယ်နောက်ပြောင်မူသာ ဖြစ်နိုင်ကြောင်း
သူ့သား နီကိုလိုင်ကို ပြောပြပါသည်။

ထို့နောက် ကျနော်တို့ စကားဝိုင်းကို ပြန်စခဲ့ကြပါသည်။ အဌမမြောက် အတွေ့အကြုံ
ပြောပြရမည့်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျွန်၏ အလှည့် ဖြစ်ပါသည်။ သူ့တွင်
ထူးထူးခြားခြား အတွေ့အကြုံမရှိသောကြောင့် န၀မမြောက် အလှည့်ကျသူ
အန်ကယ် “ဖင်းလ်” ၏ အလှည့်ဖြစ်ပါသည်။ အဖိုးအို ဖင်းလ်သည် နောက်ပြောင်ကျီစယ်
သန်သူ တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသည့် သရဲတစ္ဆေအကြောင်းမှာ ကြောက်စရာ
မကောင်းပဲ ရယ်စရာ ကောင်းနေပါတော့သည်။ သူသည် ကမ်းခြေတစ်ခုတွင် အင်မတန်
ချောမောလှပပြီး ရေကူးဝတ်စုံ ၀တ်ထားသော သရဲမလေးနှစ်ဦးနှင့် ကြုံဖူးသည့်
အကြောင်းကို ရယ်ရယ်မောမော ပြောပြနေပါသည် ....

ထိုအခိုက် အဖိုးအို ပေါလ်က တစုံတခုကို ကြားလိုက်ဟန်ဖြင့် စကားကောင်းနေ
သော အဖိုးအို ဖင်းလ် အား ဟန့်တားလိုက်ပါသည်။ ထိုနောက် အ၀င်အ၀ တံခါး
ဆီ သွားပြီး တံခါးဖွင့်လိုက်သည့်အခါ မျက်နှာချင်းအခန်းမှ တံခါးလည်း ပွင်းနေပြီး
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့ရပါသည်။
သူတို့နှစ်ဦးသည် ဧည့်ခန်းထဲတွင် အုပ်စုလိုက်ထိုင်ပြီးနေသော ကျနော်တို့
အုပ်စုအား ကြည့်ရင်း စိတ်ဆိုးဒေါသထွက်နေပုံ ရပါသည်။ အချိန်သည် ည
နှစ်နာရီ ထိုးဖို့ အနည်းငယ်သာ လိုပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်က
ကျနော်တို့အဖွဲ့ ဒီည ဒီအိမ် ဒီအခန်းအတွင်းသို့ ရောက်ရှိနေကြပုံကို
သူတို့နှစ်ဦးအား ရှင်းပြနေပါသည်။ သူတို့နှစ်ဦးက ပေါလ်အား ပြောပြနေပုံ
မှာ ကျနော်တို့အုပ်စုသည် တချိန်လုံး လှေကားအတိုင်း အပေါ်တက်လိုက်၊
အောက်ဆင်းလိုက်ဖြင့် အသံတဒုန်းဒုန်းဖြင့် ဆူညံ့နေကြောင်း၊ အဲလို မလုပ်ဖို့
လာပြောချင်းဖြစ်ကြောင်း ရှင်းပြပါသည်။ ပေါလ် အပါအ၀င် ကျနော်တို့ အားလုံး
ကလည်း ကျနော်တို့အုပ်စု အပေါ်တက်၊ အောက်ဆင်းကို စောစောက တစ်ကြိမ်
သာ လုပ်မိကြောင်း၊ ကျနော်တို့အခန်း အ၀င်အ၀ တံခါးကို တစုံတခု လာရောက်
ထိမှန်သံကြား၍ ထွက်ကြည့်မိကြောင်း သူတို့နှစ်ဦးကို ပြောပြလိုက်ပါသည်။

ထိုသို့ စကားပြောနေခိုက် အဖိုးအို ဖင်းလ်သည် ကျနော်တို့အားလုံးကို ကျော်
ထွက်သွားပြီး လှေကားတလျှောက်တွင် ခင်းထားသော ကော်ဇောကို လက်ဖြင့်
စမ်းနေပါသည်။ ထို့နောက် ဟုတ်တယ်ဗျ ... ဒီမှာကြည့် ရေတွေစိုနေတယ်၊ ဒါ
အပြင်မှာ ရွာနေတဲ့ မိုးထဲကနေ တစုံတယောက် လာရင်းကနေ သူ့ခန္ဓာကိုယ်နဲ့အတူ
မိုးရေတွေ ပါလာတာ၊ ကျုပ်ပြောပြနေတဲ့ ကမ်းခြေက သရဲမလေးတွေ လာသွား
သလား မပြောတတ်ဘူး ... ဟားဟားဟား ... ဟု ရယ်မောနေပါသည်။

ထိုနောက် ကျနော်တို့ အားလုံး ဧည့်ခန်းဆီသို့ ပြန်လာခဲ့ကြပါသည်။ အပြင်တွင်
ရွာနေသော မိုးသည် တဖြေးဖြေး စဲလာပါသည်။ လှေကား အတက်အဆင်း အခန်း
အပြင်ဖက်ဆီမှ မည်သည့်အသံများ ကြားရမလဲလို့ အားလုံး စောင့်မျှော်ရင်း စကား
ဝိုင်းကို ဆက်ခဲ့ကြပါသည်။ အဖိုးအို ဖင်းလ် အလှည့်အပြီးတွင် ပြောပြရန် အလှည့်
ကျသူမှာ ဒိန်းမတ်- အီဂျစ်ကပြား အန်ကယ် အလီ၏ အလှည့်ဖြစ်ပါသည်။
အန်ကယ်အလီ ပြောပြသော သရဲတစ္ဆေ အတွေ့အကြုံသည် သရဲတစ္ဆေ
ခြောက်လှန့်မှုထက် လူမိုက်ဂိုဏ်း အချင်းချင်း အုပ်စုဖွဲ့ တိုက်ခိုက်သော
အဖြစ်အပျက်က ပိုများနေပါသည်။ အန်ကယ် အလီသည် တခါက ကိုပင်ဟေဂင်
မြို့တော်တွင် အင်မတန် ထင်ရှားခဲ့သော အာရှနွယ်ဖွားလူမိုက်ဂိုဏ်းမှ ဂိုဏ်းဝင်
လူငယ်တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ သို့သော် နောက်ပိုင်းတွင် သဘောမနော
ကောင်းသော သူ့သဘာဝ အရ ထိုဂိုဏ်းမှ နုတ်ထွက်ခဲ့သူ ဖြစ်ပါသည်။

ဆယ့်တစ်ဦးမြောက် ပြောပြသူမှာ “မီးကယ်လ်” ဖြစ်ပါသည်။ မီးကယ်သည်
လူငယ်တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသော သူ့အတွေ့အကြုံ သရဲ
တစ္ဆေဖြစ်ရပ်သည် ခြောက်လှန့်မှုထက် သူ ၀ါသနာပါသော ခရီးသွားဖြစ်စဉ်
က ပိုများနေပါသည် .....

ဆယ့်နှစ်ဦးမြောက် ပြောပြရသူမှာ ကျနော် ဖြစ်ပါသည်။ ကျနော်သည်
ရန်ကုန် အင်းစိန် တွဲဖက် အကျဉ်းထောင်ထဲတွင် တွေ့ကြုံရဖူးသော အသံဖြင့်
ခြောက်သည့် သရဲဇာတ်လမ်းကို သူတို့အား ပြောပြပါသည်။ ပေါလ်နှင့် ဆိုးရွှန်း
တို့သည် ကျနော့်အား ထိုအဖြစ်အပျက်နှင့် စပ်လျဉ်းသော သူတို့ သိချင်သည်များ
ကို အလုအယက် မေးမြန်းကြပါသည်။ သရဲတစ္ဆေကို လုံးဝ လက်မခံသော
လူငယ်လေး နီကိုလိုင်လည်း ကျနော့်အား မေးခွန်းများစွာ မေးမြန်းပါတော့သည် ...

ပြတင်းပေါက်မှာ ၀င်ရောက်လာသော အလင်းရောက်သည် တဖြေးဖြေး
တောက်ပလာပါသည်။ လက်ကိုင် တယ်လီဖုန်းမှ အချိန်ကို ကြည့်လိုက်သည့်
အခါ နံနက် လေးနာရီခွဲပြီးကာစ ဖြစ်နေပါသည်။ အိပ်ချင်စိတ်သည် ထိန်းဖို့
ခက်ခဲသထက် ခက်ခဲလာပါသည် ...

ကျနော့်အလှည့်ပြီးနောက် အလှည့်ကျသူမှာ အဖိုးအို “စတီးန်” အလှည့်
ဖြစ်ပါသည်။ စတီးန် စကားသံကို နားထောင်ရင် ကျနော့်မျက်လုံးများ မှေးစင်း
လာပါသည်။ ရုတ်တရက် ဆူဆူညံ့ညံ့ အသံများကြောင့် အိပ်ငိုက်တ၀က် အိပ်ပျော်
တ၀က် ဖြစ်နေရာမှ ကျနော် နိုးလာပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်သည်
တစုံတယောက်နှင့် ဖုန်းပြောရင်း ငြင်းခုန်နေပုံရပါသည်။ နောက်ထပ် နာရီဝက်
ခန့်ကြာသော အိမ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ကျနော်တို့ထံ ရောက်ရှိလာပါသည်။

ထိုအိမ်ကြီးအား အမွေဆက်ခံထားသော အိမ်ပိုင်ရှင် အမျိုးသမီးနှင့် ကျနော်တို့အဖွဲ့ခေါင်းဆောင် ပေါလ်သည် သူတို့နှစ်ဦးသာ ကြားနိုင်လောက်သောစကားသံများဖြင့်တစုံတရာအကြောင်းတိုးတိုးတိတ်တိတ် ပြောနေကြပါသည် ထို့နောက် ကျနော်တို့ အားလုံးသယ်ဆောင်လာသောပစ္စည်းပစ္စယများထုပ်ပိုးရင်းပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ခဲ့ကြပါသည်။ အောက်ထပ်အပြင်ဖက်သို့ ရောက်သောအခါ ပေါလ်သည် အိမ်နံဘေးဆီသို့ ခြေလှမ်း သုတ်သုတ်ဖြင့် သွားရင်း တစုံတခုကိုသွားကြည့်နေပါသည်။ ကျနော်နှင့် နီကိုလိုင်လည်း ပေါလ် အနောက်မှ အလျင်အမြင်သွားကြည့်ကြပါသည်။ အိမ်နံဘေး ပတ်လည်တွင် မည်သည့်အရာမျှ မရှိပါ။အပြန် လိုင်းကားပေါ်တွင် အဖိုးအို ပေါလ်ပြောပြသည်မှာ ...မနေ့က ညနေပိုင်းက ထိုအိမ်ကြီး၏ လှေကား အတက်အဆင်းတွင် တွေ့လိုက်
ရသော ဘောလုံးပိုက်ထားသည့် ကလေးငယ်လေးနှင့် သူနှင့် မိတ်ဆက်စကားပြောခဲ့သူ အဖိုးအို “ရဲလ်ပယ်” ဆိုသူတို့သည် သက်ရှိ ထင်ရှားရှိသော လူသားများ မဟုတ်ကြပါ။ သူတို့သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဗီလာရုစ်နိုင်ငံတွင်ကွယ်လွန်သွားကြသော အိမ်ရှင် မိသားစုဝင်များသာ ဖြစ်ပါသည်။ အပေါ်ထပ်ညာဖက်အခန်းတွင် လင်မယားနှစ်ဦးနှင့် တစ်နှစ် မပြည့်သေးသည့်
ကလေးငယ်တစ်ဦးသာ ရှိပါသည်။ သူတို့တစ်အိမ်လုံးတွင် အဲလို အသက်အရွယ်ပုံစံမျိုး လုံးဝ မရှိကြောင်း အိမ်ရှင် အမျိုးသမီးက ပြောပြကြောင်း အဖွဲ့ခေါင်းဆောင်အဖိုးအို ပေါလ်က ကျနော်တို့ အားလုံးအား ရှင်းပြပါသည်။မနေ့ညနေက ကျနော်တို့အုပ်စု ညစား စားနေချိန်တွင် ကြားခဲ့ရသော အောက်ထပ်
အပြင်ဖက်က လူစီး ဒန်းမှ သံကြိုးချင်း ပွတ်တိုက်သံသည်လည်း တကယ်မဟုတ်သော နာမ်ဝိညာဉ်များ၏ လှည့်ဖျားမှုသာ ဖြစ်ဖို့ များပါသည် .