Saturday 30 November 2013

ဲခြံစောင့်ကြီးနဲ့သရဲသူတော်

•••• ခြံစောင့်ကြီး နှင့် သရဲသူတော် ••••

ကျတော်နေတဲ့မော်လမြိုင်မြီု့မှာ အင် မတန် နာမည်ကြီးတဲ့ ခြံတွေ တော်တော်များပါတယ်။ကျတော်ခုပြောပြမဲ့အကြောင်းက တော့ အဲ့ဒီနာမည်ကြီးခြံတွေထဲက တခုအ ကြောင်းပါ။
အင် မတန်ခန့်ငြားထည်ဝါတဲ့ရှေးဟောင်းကျွန်းအိမ်ကြီးရဲ့နောက်ကွယ်မှာ အလွန်ထူးဆန်းတဲ့ ရာဇဝင်တွေ ရှိနေတတ်ပါတယ်။
ဒီအိမ်ကြှီါ်ရဲ့ ပိုင်ရှင်ကတော့မည်သူမည်ဝါရယ်လို့သိတဲ့သူတော်တော်နဲပါတယ်။ဒီအိမ် ကြီးကို အမြဲစောင့်ရှောက်နေတဲ့သူကတော့ သိုင်းဆရာကြီး ဦးအုန်းပဲဖြစ်ပါတယ်။လူတုင်းက သူ့ကိုသိုင်းဆရာကြီးလို့ခေါ်ကြ ပေမဲ့ သူသိုင်းဆရာတကယ် ဟုတ်မဟုတ် သူကလွဲရင် ဘုရားပဲသိနိုင် မှာပါ။
ကျတော်ငယ်ငယ်ကထဲက အဲ့ဒီခြံကြီးထဲမှာ အမြဲဆော့ ကစားခဲ့တာပါ။ကျတော်နဲ့ဦးအုန်းက အတန်အတင့်ရင်းနှီးပါတယ်။ကျတော်တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့အမျှဦးအုန်းကတော့ တဖြည်းဖြည်း အိုစာလာပါတယ်။
တရက် ဦးအုန်းနေထိုင်မကောင်းဖြစ်နေတုန်း ကျတော် သူ့ခြံထဲကို ရောက်သွားပါတယ်။ဦးအုန်းကကျတော့ကိုမြင်တော့ အတော်ဝမ်းသာသွားပုံပါ ပဲ။ကျတော့်ကို လူလေး လာ ဆိုပြီးတော့ဖိတ်တယ်။ ပြီးတော့ကျတော့ကိုပြောစရာ အကူအညီတောင်းစရာရှိတယ်တဲ့။ ကျတော်က အဘ ခုနေမကောင်းသေးဘူး ဆေးခန်းအရင်သွားပြ ပြီးမှ အဘပြောစရာ လုပ်စရာတွေကို ကျတော် ကူညီပါ့ မယ်ဆိုတော့ ဦးအုန်းက အဘဆေးသောက်လဲဘာမှ မထူးပါဘူး တဲ့ အဘက သွားရတော့မှာပါတဲ့ အဘမသွားခင် လူလေးက ဒီက လူကြီးတွေကိုအကူအညီတောင်းပြီး ဒီမှာရှိနေတဲ့ သူတွေကို လွတ်မြောက်အောင် ကူညီပေးလိုက်ပါတဲ့။ကျတော် အဘ ပြောတဲ့စကားတွေကို သိပ် နားမလည်ချင် ဘူး။ကျတော် က ငယ်သေးတယ်လေ။

လူလေး သေချာနားထောင်ပါ။ဒီအိမ်မှာ အဘအပြင် မိသားစု တစု လဲရှိသေးတယ်။အဲ့ဒီမိသားစု က ဒုတိယကမ္ဘာစစ် ကထဲက လူတစုကြေင့် အသတ်ခံခဲ့ရတဲ့သူတွေပဲ။သူတို့က အလွန်သနားစရာကောင်းပါတယ်။သူတို ဒီအိမ်ကြီးထဲမှာ ကျိန်စာမိနေခဲ့ကြတယ်။ခုသူတိုတွေလဲလွတချိန် ကျွတ်ချိန် တန်နေကြပြီ။သူတို့တွေက ညဘက်ဆို အဘဆီလာပြီးစားစွှာတောင်းကြတယ်။အဘလဲ ရှိတာလေးတွေကျွေးနဲ့တခါတလေ အဘ မရှိတဲ့အခါမျိုးမှာ သူတို့တွေဆာလောင်နေကြရတယ်။တခါတလေများဆာလောင်လွန်းလို့ခြံထဲမှာရှိတဲ့ သစ် ရွက် ပုတ်တွေ ခွေးတွေ ကြောင်တွေရဲ့ မစင်ကို စားသောက်ကြရတယ်။တခါတလေမျာ မစင်တောင် စားခွင့် မရှိလို့ ငတ်မွတ်နေခဲ့ ကြရတာလဲ မနည်းပေါ့ကွယ်။
ခုတော့ သူတို့လဲ ကျွတ်ချိန် တန်နေကြပါပြီ။
ဒါပေမဲ့ သူတို့တွေကို အမျှဝေတဲ့အခါ မှာ သူတို့တွေတင် မကပဲ အနီးနားက မကျွတ်သေးတဲ့သူတွေကိုပါ ရစေချင်တာကြောင့် ခြံထဲ မှာပဲ တရားပွဲကို လုပ်စေချင်တယ်။အဘလဲပြောရတာမော ပြီ။အဘ နားတော့ မယ်။ပြောစရာ ရှိတာတွေလဲပြောပြီးပြီ ပေးစရာ ပဲကျန်တော့ တယ်ဆိုပြီး သူ့ သေတ္တာ ထဲ မှာ သိမ်းထားတဲ့ အ လေးချိန် ၅ ကျပ်သားရှိတဲ့ ရွှေ တုံးလေးကိုထုတ်ပေးတယ်။ဒါက အဘ အတွက်ကော ဒီမှာ ရှိတဲ့ မကျွတ်သေးတဲ့ သူတွေအတွက် ပါ ရည်စူးပြီး ကောင်မှုကု သိုလ် ပြုပေးပါ။မနပ်ကျရင် လူလေး ရွာ က လူကြီးတွေကိုခေါ် ပြီး အဘဆီပြန်လာခဲ့ပါ။ခုတော့ လူလေးလဲပြန်တော့ အဘလဲ နားတော့ မယ် ။အဘတို့ ကို ကူညီပေးတဲ့ အတွက် ကျေးဇူးတက်ပါတယ်။
ကျတေည် အဘ ဆီကပြန်လာတော့ စိတ်ထဲမှာ ဘဝင် မကျတာတွေ အဘ ပြောတဲ့စကားတွေကို နားမလည်နိင်ဘူး။
ပျတော် အိမ်ပြန်ရောက်တော့ ကျတော့ မိဘ တွေကို အလုံးစုံ ပြောပြလိုက်တယ်။အဘ ပေးလိုက်တဲ့ရွှေ တုံးလေးကိုလဲပေးလိုက်တယ်။အဖေက ရွာထဲက လူကြီး ၄ ၅ ယောက်ကို ပြောပြ ပြီး အဘရှိတဲ့ အိမ် ကြီးကို ည နေ ပိုင်းလောက်မှာ သွားကြည့်ကြတယ်။
အိမ်အဝင် ကွပ်ပျစ်လေးမှာအဘကို တွေ့ လိုက်ကြရတယ်။ဒါပေမဲ့အဘကတော့အဖေတို့လာတယ်ဆိုတာကို မသိနိုင်တော့ပါဘူး။အဘကအသက် ဝိဥာဏ် ကင်းမဲ့နေပြီလေ။
ဒီတော့မှကျတော်လဲအဘဘာလို့ကျတော့ကို မှာသလဲဆိုတာ အဘ မရှိမှ သဘောပေါက်နားလည်တော့တယ်။အဘရဲ့အသုဘမှာ ညဘက်စောင့် ပေးကြတဲ့ကျတော်တို့လူငယ်တွေ တခါတခါ ဆို ငိုသံသဲ့သဲ့ ငြီးသံသဲ့သဲ့ကြား ကြရတယ်။ကျတော်ကတော့ ဒီမှာရှိနေတဲ့ သရဲမိသားစု အ ကြောင်းကိုသိနေတဲ့အတွက် မကြောက်တဲ့အပြင် သနားဂရုနာ သက်မိပါသေးတယ်။
အဘရက်လည်မှာဆွမ်းကျွေးအမျှဝေတော့ အဘ ပြောခဲ့သလို ခြံထဲမှာပဲ လုပ်ကြတယ်။ရေစက်ချအမျှဝေတဲ့အချိန်မှာ လေပြင်းတွေ မတရားတိုက်ပြီး သာဓု ခေါ်သံ အကျယ်ကြီးတချက် ကြားလိုက်ရပါတယ်။.....သြ သူတို့မိသားစု ကျွတ်လွတ် သွားကြပြီလေ။ကျတော့ ရင်ထဲမှာ အတိုင်မသိ ဝမ်းသာ ကြည်နူးမိပါတယ်။
အဲ့ဒီနောက်ပိုင်းတော့ ကျတော်လဲ အဲ့ဒီ ခြံဘက်ကို မရောက်ဖြစ်တော့ပါဘုး။ကျတော်နောက်ပိုင်းကြားသိရတာကတော့ အဲ့ဒီခြံရဲ့ပိုင်ရှင်တွေက လာပြီး ခြံကြီးပို ရောက်းသွားကြပါတယ်။ ကျတော်လဲ ရေကြည်ရာ မြက်နုရာ ဘဝကို ထိန်းကျောင်းရင်းနဲ့ အမြဲမဟုတ် တာတောင် တိုက်ဆိုင် လာတဲ့အခါ အဘဦးအုန်း နဲ့ သရဲ မိသားစုကို သတိရမိနေဆဲပါ။
ခလိုဖြစ်ပျက်ခဲ့တာတွေကို လွမ်းလွမ်းဆွေးဆွေး ပြန်ပြောပြပေးတဲ့ ဦး မြင့်လွင် ကို ကျတော် တို့ Admin ညီအကို မောင် နှ မများက အထူးကျေးဇူးတင် ရှိပါတယ်။
ADMIN LWIN OO ခံစားတင်ပြ သည်

No comments:

Post a Comment